Unicode
ယဲဖန်သည် စားပွဲကို ခေါက်ကာ အလေးအနက်ပြောလိုက်သည် "သူဌေး မင်း ငါ့အတွက် ဒီကျောက်စိမ်းဆင်းတု နဲ့ စာကို ပို့ပေးပါ။ မင်း ငါ့စာကို ပျောက်သွားခဲ့ရင် အိမ်မက်ဆိုးအဆောင်တစ်ခု ဖန်တီးပြီး မင်းနဖူးပေါ်မှာ ကပ်ပစ်ပြီး တစ်ညလုံး အိမ်မက်ဆိုးတွေ မက်အောင် လုပ်ပစ်မယ်"
ကျိုးကျင်းကျီသည် အံ့သြနေသောလေသံဖြင့် "မင်း အဆောင်တွေအကြောင်း သိတာလား"
ယဲဖန်သည် အပြုံးတုဖြင့် ပြောသည် "ငါ မင်းကို ပြောတယ်လေ။ ငါငယ်ငယ်တုန်းက စာအုပ်မျိုးစုံ ဖတ်ဖူးပြီး ထူးထူးခြားခြား မှတ်သားနိုင်စွမ်းရှိတဲ့ မှတ်ဥာဏ် ရှိတယ်လို့လေ။ ငါက ထက်မြက်လွန်းတာကြောင့် ဒီကမ္ဘာနဲ့ မသက်ဆိုင်ဘူးလို့တောင် ထင်ရတယ်။ အဆောင်မန္တန်တွေရောပဲ။ ကိစ္စကြီးတော့ မဟုတ်ပါဘူး"
"မင်းအတွက် ကောင်းတာပေါ့"
"ကျေးဇူးတင်ပါတယ်"
ကျိုးကျင်းကျီ "....." ဒီကောင်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိတာဖြစ်လိမ့်မယ်။
သူထွက်ခွာသွားသည်ကို ကြည့်ရင်း တစ်ခဏတွေးပြီးနောက် လူအိုကြီးပိုင်၏နံပါတ်ကို ခေါ်လိုက်သည် "လူအိုကြီးပိုင် ဟုတ်တယ်၊ ငါပါ လောင်ကျိုးလေ။ ထိပ်တန်းဆရာသခင်တစ်ဦးဆီက ငါ ဆေးညွှန်းတစ်ခု ရထားတယ်။ ဒီဆေးညွှန်းက အဲ့တာနဲ့တူတယ်။ ကျေးဇူးပြုပြီးတော့ ဒေါက်တာဟွာကို ရှာပြီး ယွင်ရှီရဲ့ ဖျားနာမှုအတွက် အကူအညီဖြစ်၊မဖြစ် စစ်ဆေးခိုင်းလိုက်"
ယဲဖန်သည် တိုက်ခန်းသို့ ပြန်ရောက်ပြီး မကြာခင်မှာပဲ တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။
"ဝမ်းကွဲအကို ဒီကို ဘာလာလုပ်တာလဲ" ယဲဖန်က မေးသည်။
ဝူစီဟန်သည် ယဲဖန်ကို ကြည့်ကာ မေးလိုက်သည် "မင်း သခင်လေးပိုင်ကို ကလူနေတာလား"
"သခင်လေးပိုင်? မင်းပြောတာက အဲ့ချောမောတဲ့ ကောင်လေးကို ပြောတာလား"
ဝူစီဟန်က ခေါင်းငြိမ့်ကာ "ဟုတ်တယ်၊ သခင်လေးပိုင်က တကယ်ကို အရမ်းချောတယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...