အခန်း (၁၆၉)

902 173 1
                                    

Unicode

ယဲဖန်သည် အပြင်ဘက်တွင်သာ အချိန်ဖြုန်းနေခဲ့ကာ ညသန်းခေါင်ယံအချိန်အထိ အိမ်သို့ ပြန်မလာခဲ့ပေ။

သူ့အိမ်သို့ ပြန်ရောက်လာတော့ နှစ်သစ်ကူးအတွက် အထူးဝယ်ယူပေးထားတာကို တွေ့ရှိခဲ့ရသည် "ဝမ်းကွဲအကို ကျေးဇူးတင်ပါတယ်"

ဝူစီဟန်က ပြုံးလိုက်ပြီး "ကြီးကြီးမားမားမဟုတ်ပါဘူး၊ ဒါနဲ့ ဒီနေ့ မင်းရဲ့ခရီးစဥ်ကရော ဘယ်လိုလဲ"

ယဲဖန်က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏ "အွန်း၊ ကျွန်တော် စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခု တွေ့ခဲ့တယ်၊ နောက်နေ့ကျရင် သွားစစ်ဆေးကြည့်မလားလို့ပါ"

"မရဏပင်လယ်အကြောင်း ပြောနေတာလား" ဝူစီဟန်က သံသယဖြင့် မေးလိုက်၏။

ယဲဖန်က သူ့ကို အံ့သြသင့်စွာ ကြည့်လိုက်လေသည် "ဘယ်လိုလုပ်ပြီးသိတာလဲ"

ဝူစီဟန် "ဒီနေ့ မင်းသွားခဲ့တဲ့လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် မင်းအသွားချင်ဆုံးနေရာက မရဏပင်လယ်ပဲလေ၊ မရဏပင်လယ်က စွန့်စားရတာသဘောကျတဲ့လူအများစုကို စွဲဆောင်ခဲ့ဖူးတယ်၊ ငါ ငယ်ငယ်တုန်းကဆိုလည်း စွန့်စားရတာကို သဘောကျတယ်လေ၊ ငါ တစ်ခါလောက် ရေငုံပြီး ကြည့်ချင်ခဲ့ပေမဲ့ ငါ့အဖေက ခွင့်မပြုခဲ့ဘူး"

"အိုး ဝမ်းကွဲငယ်ငယ်တုန်းက ပုန်ကန်ထကြွတက်မှန်း မထင်ထားခဲ့မိဘူး" ယဲဖန်က အံ့သြစွာ ပြောလိုက်သည်။

"မင်း အဲ့ဒါကို မမြင်နိုင်ဘူးလား"

"ဟင့်အင်း ဝမ်းကွဲကြည့်ရတာ ရင့်ကျက်ပြီး အပြူအမူကောင်းတွေရှိတဲ့လူနဲ့ တူတယ်" ယဲဖန်က မျက်တောင်ခတ်လိုက်၏။

ဝူစီဟန် "....."

"ဝမ်းကွဲ မရဏပင်လယ်အကြောင်း ဘာတွေသိထားသေးလဲ" ယဲဖန်က မေးလိုက်၏။

"အဲ့ပင်လယ်ထဲမှာ သင်္ဘောများစွာ ပျောက်ကွယ်သွားခဲ့တယ်၊ နာမည်အကြီးဆုံးတစ်ခုကတော့ ဂျပန်စစ်ပွဲအတွင်းမှာ R နိုင်ငံက ပျောက်ဆုံးမှုတစ်ခုပဲ၊ အဲ့ဒီပေါ်မှာ အဖိုးထိုက်တန်တဲ့ ရှေးဟောင်းပစ္စည်းအများအပြားပါသွားတယ်လို့ ပြောတာပဲ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now