Unicode
꧁ ဇာတ်လမ်းအကျဥ်း ꧂
'ရွှီကျားလဲ့' သည် ကွာရှင်းထားပြီး အဆိုးမြင်တတ်သည့် Alpha တစ်ဦးဖြစ်ကာ သူ့ဘဝကြီးကို သို့နှယ် ရှုမြင်ထားသူ။
" ငါ့ အဖေက အဖိုးထားခဲ့တဲ့ အမွေတွေကို အကုန်သုံးမပစ်ဖို့ မျှော်လင့်တာပဲ၊ ဒါဆို ပင်ပင်ပန်းပန်း အလုပ် လုပ်နေစရာ မလိုတော့ဘူး "
'ဖုရှောင်ယွီ' ကတော့ နယ်မြို့လေးတစ်မြို့မှ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ABO ကမ္ဘာ၏ အလှလေးတစ်ဦး။ ထို့နောက် အထက်တန်းလွှာလောကတွင် A-level ဖယ်ရိုမုန်းအဆင့်ရှိသူဖြစ်လာပြီး တစ်ရက်ကို ဆယ့်နှစ်နာရီနီးပါး အလုပ် လုပ်လေ့ရှိသည်။
ရှီကျားလဲ့သည်ကား ဖုရှောင်ယွီ၏ အားနည်းချက်များကို မီနူးတစ်ခု ဖတ်နေရသလိုပင် လွယ်ကူစွာ သိမြင်နိုင်၏။ မာနကြီး၊ ချဥ်းကပ်ဖို့ မလွယ်ကူ၊ အလုပ်ဂျိုး၊ ရည်မှန်းချက်ကြီး၊ နှစ်လိုဖွယ်မရှိ၊ ဖယ်ရိုမုန်းအနံ့က ချိုအီလွန်း၍ မအီမသာပင် ခံစားရ။
သူသည် လုံးဝ လုံးဝ လုံးဝမှ ထိုသူ့ကို မနှစ်သက်ပါချေ။
သို့သော်လည်း သူတို့၏ အစောပိုင်းကာလတုန်းဆီက လိုက်ဖက်ညီမှု မရှိသည့် စီးပွားရေးမိတ်ဖက် ဆက်ဆံရေးသည် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုဖြစ်ပြီးနောက်တွင် ထူးခြားသည့် အလှည့်အပြောင်းတစ်ခုဆီ ရောက်ရှိလို့သွားတော့သည်။
ဖုရှောင်ယွီက ဆိုသည်။
" ရွှီကျားလဲ့၊ ကျွန်တော် ခင်ဗျားကို လိုက်ချင်တယ် " 0.0
ရွှီကျားလဲ့ : " ငါလို တစ်ခုလပ် Alpha ကို မင်းလို Omega က လိုက်မယ် ပြောနေတာ ဘယ်လောက်တောင်မှ ရယ်စရာကောင်းမှန်း သိရဲ့လား "
...
အချစ်သည် မမျှော်မှန်းထားသည့် ပုံစံဖြင့် သူ့အနား ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီး အရာအားလုံးကို အံ့သြဖွယ်ရာအဖြစ် ပြောင်းလဲသွားစေ၏။
ဖုရှောင်ယွီသည် KTV ရုံထဲရှိ ရွှီကျားလဲ့၏ ပုံစံကို ပြန်အမှတ်ရမိသည်။ ထိုသူသည် လက်တစ်ဖက်က 'ရှအန်း' အမည်ရှိ ကြောင်တစ်ကောင်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် မိုက်ခရိုဖုန်းကို ကိုင်ထားသည်။
![](https://img.wattpad.com/cover/355973409-288-k745073.jpg)
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ