(၄၇)

5.2K 709 51
                                    

Unicode

သူတို့နှစ်ဦးသားမှာ အချိန်အတော်ကြာသည်အထိ ပွေ့ဖက်ထားမိကြသည်။

အမှန်အတိုင်းပြောရလျှင် နွေဦးဖြစ်သည့်တိုင်် ညဘက်ပိုင်းတွင် အတော်အေးနေဆဲဖြစ်ပြီး သို့နှယ် အပေါက်ဝကြီးတွင် တယောက်ကို တယောက် ဖက်ပြီးနေနေကြခြင်းက အရမ်းကြီး အဆင်ပြေသည့် အနေအထား မဟုတ်မှန်း သူတို့ နှစ်ယောက်စလုံး သိကြသည်။ သို့ပေတည့် မည်သူမျှ စကားမဆိုကြဘဲ ထိုအနေအထားတွင်သာ ​အဆုံးမရှိ ပွေ့ဖက်ထားချင်နေကြ၏။

ရွှီကျားလဲ့သည် ချောင်းဆိုးချင်နေသည်ကို ထိန်းထားသော်လည်း နောက်ဆုံးတွင် မခံနိုင်တော့။ သူသည် ဖုရှောင်ယွီကို အသာ တွန်းထုတ်လိုက်ပြီး တဖက်သို့ လှည့်ကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။

" ဖုရှောင်ယွီ "

သူ့မှာ ချောင်းဆိုးနေသည့် ကြားထဲက

" မင်း ပြန်သင့်ပြီ၊ မနက်ဖြန် အလုပ် သွားရမှာ မဟုတ်လား "

" ကျွန်တော် "

ဖုရှောင်ယွီသည် သူ အလုပ်သွားရဦးမည်မှန်း သိသိကြီးဖြစ်ပါသည့်တိုင် အဲ့တိုင်းကြီးလည်း မပြန်ချင်ပါပေ။

" ရွှီကျားလဲ့၊ ကျွန်တော် ဒီမှာပဲ ညအိပ်လိုက်ပြီး ခင်ဗျားကို ပြုစုပေးရမလား "

ရွှီကျားလဲ့၏ ခေါင်းက အလိုလိုခါပြီးသားဖြစ်ကာ

" မလိုဘူး၊ ကိုယ် အဆင်ပြေတယ်၊ ဒီတိုင်း နားလိုက်ရင် သက်သာသွားမှာ "

ယခုအရွယ်အထိ နေထိုင်လာခဲ့သမျှ ဒဏ်ရာအသေးလေးပဲဖြစ်ဖြစ်၊ ဒဏ်ရာကြီးပဲဖြစ်ဖြစ် သူက အတော်ခံနိုင်ရည်ရှိကာ တော်ရုံဆို နာကျင်သည်ဟုပင် မထင်မိချေ။ သို့သော်ငြား အအေးမိ၊ ဖျားနာဖြစ်လာပြီဆိုလျှင်တော့ မတူတော့။ သူ့အတွက် ဖျားပြီနာပြီဆိုသည်နှင့် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိသွားကာ အဖျားကြီးလေလေ၊ ဆရာဝန်ဆီ သွားမပြချင်လေလေပင်။

ထိုအစား ဆေးတွေသာ တပုံတပင်ကြီး သောက်ပစ်လိုက်ချင်သည်။ ထိုအပြုအမူက တခြားသူတွေ အမြင်တွင် အအေးမိဖျားနာခြင်းလောက်ဖြစ်၍ သိပ်အလေးအနက်မထားတာဟူ၍ ဖြစ်သွားစေသည်။ သူသည်လည်း အချိန်ကြာလာသည်နှင့်အမျှ ရှင်းပြဖို့ရန် ပျင်းရိလာကာ အအေးမိပြီဆိုလျှင် သူ့ ဘာသာသူ တယောက်တည်း ဖြစ်သလို ဂရုစိုက်လိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now