Unicode
အစကတည်းကပင် သူ ဖြတ်လိုက်သည့် သန်းခေါင်ယံခရီးစဥ်မှာ အချိန် အရမ်းကပ်နေပြီဖြစ်၍ လေဆိပ်ရောက်သည်နှင့် Check-in ချက်ချင်း လုပ်ရသည်။
သွားနေရင်း သူ ဝမ်ရှောင်ရှန်းဆီ နှစ်ကြိမ်တိတိ ဖုန်းထပ်ခေါ်လိုက်သေးသော်လည်း တဖက်က မကိုင်။ စာတိုသာ ပြန်ပို့လာသည်။
[ ကျွန်တော့် ဖုန်းဘက်ထရီ ကုန်တော့မှာမို့၊ ဆေးရုံရောက်လို့ အားသွင်းပြီးရင် ပြန်ခေါ်လိုက်မယ် ]
သူ လက်မလျှော့သေးဘဲ ဖုရှောင်ယွီ၏ ဖုန်းကို အကြိမ်ပေါင်းများစွာ ထပ် ခေါ်သော်လည်း အချည်းနှီးသာ။ ယခုလို အခြေအနေမျိုးတွင် ဝမ်ရှောင်ရှန်းသည်လည်း ဖုရှောင်ယွီ၏ ဖုန်းကို ကိုင်မပေးနိုင်သည်က အံ့သြစရာတော့ မဟုတ်ပါချေ။
Check-in လုပ်သည့် ကိစ္စနှင့် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများ နှစ်နာရီအကြာ လုပ်ဆောင်အပြီးတွင် ရွှီကျားလဲ့မှာ မူးနောက်နောက်ပင် ဖြစ်ချင်လာသည်။ ရွှီလန်ဆီကိုပင် နောက်မှ ဖုန်းဆက်ဖို့ သတိရပြီး ဆက်လိုက်သည့်တိုင်အောင် အသေးစိတ် မဆိုမိ။ သူ ဗီယက်နမ်သို့ အရေးကြီးကိစ္စဖြင့် သွားဖို့ရှိကြောင်းနှင့် နန်ရီ၏ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ပေးရန်၊ ရှအန်းကို စောင့်ရှောက်ပေးပါရန်သာ အကူအညီတောင်းခဲ့သည်။
နောက်ဆုံး ထိုမျှလောက်သာ ကျိုးကြောင်းဆီလျော်မှုကျကျ တွေးတောလို့ရပြီး ဘာကြောင့်ထိုသို့လုပ်နေရသည်ဆိုသည်ကို စဉ်းစားဖို့ရန်ပင် အချိန်မရှိတော့။
သူ့ စိတ်ထဲမှာ ရှိနေသမျှ ဖုရှောင်ယွီ အဖျားကြီးနေသည် ဆိုတာပင်။
သူ့တွင်ရှိသည့် အချက်အလက်မှာလည်း ထိုတခုတည်းသာဖြစ်ပြီး ဘာကြောင့် ဖျားရသည်၊ ယခုအချိန်တွင် မည်သို့မည်ပုံဖြစ်နေပြီ စသည်တို့ကို တခုမှ မသိရသေး။ အခြားအရာတွေထက် ဤသို့မသိရခြင်းက သူ့ကို ပို၍ နှိပ်စက်ကလူပြုနေ၏။
ရွှီကျားလဲ့သည် နိုင်ငံကူးလက်မှတ် ကိုင်ထားရင်းက မျက်နှာဖြူဖျော့ဖျော့ဖြင့် လေယာဉ်ပေါ်တက်ရန် တန်းစီလိုက်သည်။ မကြာမီအချိန်အတွင်း သူ့ ဖုန်းကို Airplane mode ပြောင်းရပေတော့မည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ