Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၁
" ဖုရှောင်ယွီ၊ မင်း တကယ်ပဲ အမေရိကားမှာ နောက်ထပ် ဆက်နေဖို့ စီစဉ်ထားတာလား "
ညရှစ်နာရီလောက်တွင် ရွှီကျားလဲ့သည် ရုံးခန်းထဲဝယ် ဖုန်းပြောရင်း ဖိုင်တွေရှာနေသည်။ ရုတ်တရက်ဆိုသလို သူ့ လေသံက အနည်းငယ် မြင့်တက်လို့သွား၏။
" ကျွန်တော် ဒီကိုရောက်နေတုန်းဆိုတော့ ကျောင်းတုန်းက အတန်းဖော်တချို့နဲ့လည်း တွေ့လိုက်မလားလို့လေ "
ထိုအကြောင်းပြချက်မှာ ကြားလိုက်ရသည်နှင့် လုံးဝသဘာဝကျသည် ထင်ရပြီး ပုံမှန်အတိုင်းဆိုပါလျှင် ရွှီကျားလဲ့သည်လည်း နောက်ဆက်တွဲ မေးခွန်းထုတ်လာတော့မည် မဟုတ်ပါချေ။
သို့သော်၊ ထိုအခိုက်အတန့်လေးမှာပင် ...
ရွှီကျားလဲ့ဆီမှ အနည်းငယ် မကျေမနပ်ဖြစ်ချင်နေသည့် အသံကို ကြားလိုက်ရသည်။
" ဟမ်၊ ဘယ်လို၊ ဒါပေမဲ့ နောက်ရက်နည်းနည်းလောက်ဆို မင်း .. အဲ့အချိန် ရောက်တော့မှာ မဟုတ်ဘူးလား "
" အိုး၊ ဒီဘက်မှာ လိုင်း သိပ်မကောင်းဘူး "
ဖုန်း၏ အခြားတစ်ဖက်ရှိ အိုမီဂါ၏ အသံမှာ ခဏမျှ ရပ်သွားသလိုပင်။ အသံက တဖြည်းဖြည်း ဝါးတားတားဖြစ်လာပြီး မသဲမကွဲပြောသည်ကို ကြားလိုက်ရ၏။
" နောက်မှ WeChat မှာ ပြောကြရအောင် "
ဖုန်းက ရုတ်တရက်ကြီး ပြတ်ကျသွားသည်။
ရွှီကျားလဲ့သည် မျက်မှောင်ကြုတ်ကာ ဖုန်းစခရင်ကို ငုံ့ကြည့်လိုက်၏။ ထို့နောက် အသက်ပြင်းပြင်းရှိုက်ရှူကာ မတ်တပ်ရပ်လျက်သားဖြင့် ကြမ်းပြင်မှသည် မျက်နှာကြက်သို့တိုင် ထိစပ်နေသည့် ပြတင်းပေါက်အပြင်ဘက်ဆီမှ ညရှုခင်းကို ငေးကြည့်နေမိသည်။
ဒီဇင်ဘာသို့ပင် ရောက်ချေပြီ။ ညပိုင်းဖြစ်၍ အပြင်ဘက်ရှိ ကောင်းကင်မှာ ပိန်းပိတ်အောင် မည်းမှောင်နေပြီး ညဥ့်နက်ပြီဖြစ်ကြောင်း ပြသနေသည်။
ရွှီကျားလဲ့သည် သူ ရှာနေသည့် စာရွက်စာတမ်း အထပ်လိုက်ကို ဖြစ်ကတတ်ဆန်း ကောက်ကိုင်လိုက်ပြီး ရုံးခန်းထဲမှ ထွက်လာသည်။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
Lãng mạnTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
