Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၁၂
ညရောက်ခဲ့ပြီ။
ဖုရှောင်ယွီသည် ထမင်းစားပွဲတွင် မှုန်ကုပ်ကုပ် ထိုင်နေပြီး သူကိုယ်တိုင် လုပ်ထားသည့် ဖက်ထုပ်များကို ဖြည်းဖြည်းချင်း စားနေသည်။ ထိုအရာအား စားချင်စဖွယ်မရှိဟု ညွှန်းဆိုလျှင်ပင် ဤသည်မှာ ဖော့၍ ဖော်ပြခြင်းမျှသာ ဖြစ်လိမ့်မည်။ အထူးပင် စားချင်စဖွယ်မရှိဟု ဆိုပါက ပိုမှန်ပေမည်။
ကိုယ်ဝန်ဆောင် လလယ်တလျှောက်လုံး ရွှီကျားလဲ့၏ အလိုလိုက်ခြင်းကို ခံခဲ့ရပြီးနောက် ထိုကဲ့သို့ အရသာမရှိသော အစားအစာကို လက်ခံဖို့ရန်မှာ သူ့အတွက် စိန်ခေါ်မှုတခုဖြစ်လို့လာ၏။ သို့သော် ခေါင်းမာမာနှင့် သူ ချက်ထားသည်ကို လက်စသတ်ဖို့ စဥ်းစားထားသည်။
" အန်ကယ် "
သူ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် နန်ရီက
" တကယ်က အန်ကယ် ဟင်းမချက်တတ်လည်း ဘာမှမဖြစ်ပါဘူ၊ ဒယ်ဒီက ကောင်းကောင်းချက်တတ်တာပဲ "
" အန်ကယ်က … "
စားချင်စဖွယ်မရှိသည့် ဖက်ထုပ်များထက် ပို၍ ဝမ်းနည်းစရာကောင်းသည်မှာ ကလေးငယ်၏ စာနာမှုပင်ဖြစ်သည်။
ဖုရှောင်ယွီသည် သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ရန်အတွက် ဟင်းချက်ခြင်းနှင့်ပတ်သက်၍ လုံးဝမသိ၍ဖြစ်ကြောင်း ပြောလိုက်ချင်သည်။ မတိုင်မီက ရိုးရိုးရှင်းရှင်း ဟင်းလျာများကို သူ ချက်ပြုတ်တတ်သည်။ သို့သော် ရွှီကျားလဲ့နှင့် အတူရှိပြီးနောက်ပိုင်း ထိုချက်ပြုတ်နည်း အနည်းငယ်သည်လည်း ဆုတ်ယုတ်ပျက်စီးသွားခဲ့ရသည်။
ဤသည်က ရွှီကျားလဲ့၏ အပြစ်သာ။
ထိုသို့ တွေးမိသည့်အခါ သူ့ကိုယ်သူ ယုံကြည်မှုတွေ ပျောက်ဆုံးသွားရသည်။
" အန်ကယ်က ဟင်းသိပ်မချက်ဖြစ်တာမို့ပါ "
ဖုရှောင်ယွီက အကြောင်းအရာကို ပြောင်းလိုက်ပြီး လေသံဖျော့ဖျော့ဖြင့် မေးလိုက်သည်။
" ဒါနဲ့ ကျင်းချူကော၊ ဟင်းချက်တတ်လား "
ထိုမေးခွန်း ဘာကြောင့် သူ့စိတ်ထဲ ဝင်လာမှန်းမသိချေ။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomansaTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
