(၁၂)

5.4K 741 34
                                        

Unicode



ဖုရှောင်ယွီက Europe တွင် နှစ်ပတ်ခန့်နေဖို့ စီစဥ်ထားသည်။ တကယ်တန်း မူလအလုပ်ချိန် ဇယားအရ ဆယ်ရက်တာမျှသာ ရှိသော်ငြား တမင်တကာ ခရီးစဥ်ကို အချိန် တိုးမြှင့်လိုက်တာဖြစ်သည်။

ထိုအတွက် ခိုင်မာသည့် အကြောင်းပြချက်လည်း ရှိပါ၏။

ပြီးခဲ့သည့်ရက်တုန်းက ဖုကျင့် ဖုန်းဆက်လာသည်။ နှစ်သစ်ကူးကာလအတွင်း အိမ်ပြန်လာဖို့ ပြောစဥ်တွင် ဖုရှောင်ယွီသည် စဥ်းပင် မစဉ်းစားတော့ဘဲ နှစ်ကူးကာလအတွင်း အလုပ်ကိစ္စဖြင့် ဥရောပတွင် ရှိနေမည်ဖြစ်ပြီး သူ ပြန်လာနိုင်မည်မဟုတ်ကြောင်း ပြောလိုက်မိသည်။

မျှော်လင့်ထားသည့်အတိုင်း တဖက်မှ ဖုကျင့်သည် ဒေါသအိုးပေါက်ကွဲပြီး သူ့ကို ဆူပူမန်မဲတော့သည်။ ဆူဆဲနေသမျှ တဝက်လောက်အထိ တိတ်တိတ်ဆိတ်ဆိတ် နားထောင်ပေးပြီးချိန်တွင် ဖုရှောင်ယွီသည် အွန်လိုင်းကွန်ဖရင့်တခု တက်ရန်ရှိသည်ဟု အကြောင်းပြကာ ​ဖုန်းချလိုက်သည်။

ထိုသို့ ​လုပ်ငန်းခရီးစဉ်ကို အကြောင်းပြချက်အဖြစ် အသုံးပြုပြီးသွားသည့်အခါ ဖုရှောင်ယွီသည် ဥရောပတွင် ဈေးဝယ်ထွက်လိုသည်ဟုဆိုပြီး ဝမ်ရှောင်ရှန်းအား မူလခရီးစဥ်လက်မှတ်ကို ပြန်ပြောင်းခိုင်းလိုက်သည်။

ဤသည်မှာ ငယ်စဥ်ကလေးဘဝကတည်းက သူ့တွင် အမြစ်တွယ်နေသည့် ဖုကျင့်ကို ကြောက်စိတ်ကြောင့်လည်း ဖြစ်နိုင်၏။

သူ့အပေါ်တွင် ဖုကျင့်၏ ဒေါသတွေသည် အလွန်တရာ စုပုံနေလောက်ပေပြီ။ ဟန်ကျမ်းခေါ့ကိစ္စနှင့် ပတ်သက်၍ စိတ်ပျက်နေရုံသာမက လွန်ခဲ့သည့် နှစ်တွေအတွင်း အကြောင်းကိစ္စမရှိလျှင် အိမ်ပြန်လာဖို့ရန် ငြင်းဆန်တတ်သည့် အလေ့အထကြောင့် ဖုကျင့် အလိုမကျဖြစ်နေသည်မှာ ကြာနေပြီဖြစ်ပါ၏။

ဖုကျင့်ထံမှ ဆဲရေးခံခဲ့ရသမျှ အရက်စက်ဆုံးနှင့် အဆိုးဝါးဆုံးတခေါက်မှာ “မင်း အိမ်ပြန်မလာချင်ဘူးဆိုမှတော့ ဘာလို့များ အပြင်မှာ မသေလိုက်သေးတာလဲ ” ဟု အော်ဟစ်လိုက်သည့် အချိန်ပင်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now