Unicode
ရွှီကျားလဲ့ ခိုင်းစေသည့်အတိုင်း အနောက်လှည့်လိုက်သည့်တိုင် ဖုရှောင်ယွီက အနည်းငယ် ဆုတ်ဆိုင်းနေ၍ သူ လိုချင်သည့် ပုံစံအတိုင်း မဖြစ်နိုင်ဘဲရှိနေသည်။
ရွှီကျားလဲ့သည် ထိုအနေအထားကို ခေတ္တမျှသာ ခွင့်ပြုပြီး အိုမီဂါကို နည်းနည်းလေးမှ ထပ်မံ တွန့်ဆုတ်ခွင့် မပေးတော့။ သူသည် ဖုရှောင်ယွီ၏ လက်နှစ်ဖက်ကို စုဆွဲယူလိုက်ပြီး ကုတင်ထောင့်နားဆီ ကိုယ်ကို ဖိကပ်ထားလိုက်သည်။
ဖုရှောင်ယွီက ထိုသို့ပြုမူခံရသည်ကို ငြင်းဆန်ခြင်း မပြုသော်ငြား သူ့ လက်ချောင်းထိပ်များက သွေးလျှောက်ခြင်း မရှိတော့၍ ဖြူဖျော့လာပြီး ပခုံးတွေကလည်း တင်းခနဲ ဖြစ်လို့သွား၏။
မာနကြီးလှသည့် အိုမီဂါအနေနှင့် ဤကဲ့သို့ သူ့ ရှေ့တွင် အဝတ်မဲ့ကိုယ်ဖြင့် အားနွဲ့စွာ ဒူးထောက်နေရခြင်းက ဖုရှောင်ယွီအဖို့ အလွန်အရှက်ကွဲဖြစ်ရပေလိမ့်မည်။
ထိုအတွေးက ရွှီကျားလဲ့အား ပိုမိုကာ စိတ်လှုပ်ရှားလာစေ၏။
သူသည် အနောက်မှနေ၍ ဖုရှောင်ယွီ၏ လည်တိုင်ကို ဆွဲပင့်ကိုင်လိုက်ကာ ခေါင်းကို မော့ခိုင်းထားလိုက်သည်။
သွယ်လျလျ လည်တိုင် အနောက်ဘက်တွင်မူ ဂလင်းငယ်သည် ပြောင်ပြောင်တင်းတင်းဖြင့် ခပ်စူစူလေး ရှိနေသည်။ ရွှီကျားလဲ့၏ သွားချွန်တွေသည် အနှီထိလွယ်ရှလွယ် နေရာကို ဖိလို့ထားကာ ခပ်ကြိတ်ကြိတ်လေသံဖြင့် တီးတိုးဆို၏။
" ဖုရှောင်ယွီ၊ မင်းက ခပ်ဆိုးဆိုး အယ်လ်ဖာတွေကိုမှ ကြိုက်တတ်တဲ့ ကျောင်းသား အလိမ္မာလေး၊ ဟုတ်တယ်ဟုတ် "
သူ့ လက်ဖဝါးတွေမှတဆင့် ဖုရှောင်ယွီ ကိုယ်လုံးက အနည်းငယ် တုန်ခါသွားသည်ကို ခံစားမိနေသည်။
အယ်လ်ဖာ၏ ကိုက်ခဲခြင်းကို ခံထားရချိန်တွင် မည်သည့် အိုမီဂါမဆို ခန္ဓာကိုယ်က အလိုလို တုန်ယင်လာမည်ဖြစ်သည့်အပြင် ခုခါတွင် သူ့လည်မြိုကိုပါ ဆုပ်ကိုင်ခံထားရ၍ အသံအနည်းငယ်မျှ ပြုဖို့ရန်ပင် ခက်ခဲလျက်ရှိသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ