(၅၉)

4.9K 664 33
                                    

Unicode


ဖုရှောင်ယွီမှာ အချိန် အတော်ကြာသည်အထိ စကားမပြောနိုင်အောင် ဖြစ်သွားသည်။

မိမိကိုယ်တိုင်က မဖောက်မပြန် တည်ကြည်ခိုင်မာသည့် ကိုယ်ကျင့်တရားတံတိုင်းတခုကို တည်ဆောက်ထားသူတဦးဖြစ်ပြီး ယခုထိတိုင် ဖုကျင့်၏ အတိတ်က သူ့အတွက် ရှက်စရာ အရိပ်တခုအဖြစ် ထင်ကျန်ရစ်ဆဲ။ ထို့ကြောင့်ပင် "အိမ်ထောင်ရေး ဖောက်ပြန်ခြင်း" ဟူသည့် အကြောင်းအရာကို ကြားသိရသည့်အခါ အလွန်ဒေါသထွက်မိမည်ဟု ထင်နေခဲ့သော်ငြား လက်တွေ့တွင်မူ ပြင်းထန်သော ဝမ်းနည်းမှုကိုသာ ခံစားလိုက်ရသည်။

တခါတရံတွင် လူတွေ၏ စိတ်ခံစားချက်တွေကို သူတို့ ကိုယ်တိုင်ပင် နားမလည်နိုင်လိမ့်မည် မဟုတ်ချေ။

စိတ်ခံစားချက်ဟူသည်ကား စီးပွားရေး အစီရင်ခံစာများကဲ့သို့ အပိုင်းလိုက်ခွဲခြားဖို့ မဖြစ်နိုင်။ တခါတရံတွင် ပရမ်းပတာဖြင့် မီးခိုးရောင်လွင်ပြင်ကြီးသဖွယ် ဖြစ်နေတတ်ပြန်သည်။

" ပြီးတော့ ဘာဆက်ဖြစ်သေးလဲ "

ဖုရှောင်ယွီက အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ပြီး အသံတိုးတိုးဖြင့် မေးသည်။

" နောက်တော့ ရွှီလန်က ကိုယ့်ကို ကိုယ်တို့ရဲ့ မွေးရပ်မြေ ကျင်းချန်ကို ပြန်ခေါ်လာတယ်၊ အဲ့ချိန်က စပြီး သူဟာ ကျင်းချန်ကနေ မခွာတော့ဘူး "

" ဆယ်နှစ်ကျော်အချိန်အတွင်း မကွာရှင်းခဲ့ကြဘူးလား "

" ဟင့်အင်း၊ ရွှီလန်က ကွာရှင်းဖို့ စဉ်းစားခဲ့ပေမဲ့ မုရုံကျင်းယက သဘောမတူဘူး၊ အဲ့တော့ ဒီအတိုင်း ခွဲနေကြတဲ့ သဘောပဲ ဖြစ်သွားတယ်၊တဖြည်းဖြည်းနဲ့ ရွှီလန်ကလည်း ကွာရှင်းဖို့ ကိစ္စကို မပြောတော့ဘူး၊ နောက်ပိုင်း မုရုံကျင်းယက အဲ့ အယ်လ်ဖာနဲ့ လမ်းခွဲလိုက်တယ်၊ သူ Heat ဝင်တဲ့ အချိန်ရောက်တိုင်းတော့ ရွှီလန်ဆီကို အမြဲတမ်း ပြန်လာတာပဲ၊ ဒါက သူ့ရဲ့ နောင်တကြောင့်ပဲလား၊ ကိုယ် မသိဘူး၊ မုရုံကျင်းယကို မတွေ့ချင်တာနဲ့ သူ အိမ်ပြန်ရောက်တိုင်း ကိုယ့် သူငယ်ချင်းတွေဆီမှာ သွားနေခဲ့တာ "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now