Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၁၀
" ရှောင်ယွီ၊ အသီးအရွက် များများစား "
" ပြီးတော့ မင်း အတွက် အသားကင်လည်း မှာထားသေးတယ်၊ အသားက အရမ်း လတ်တာ၊ ထပ်ယူဦးမလား "
ရွှီကျားလဲ့က ဖုရှောင်ယွီ၏ လှုပ်ရှားမှုတွေကို ဂရုတစိုက် စောင့်ကြည့်ရင်း ဘေးမှနေ၍ စားစရာတွေ ထပ်ထည့်ပေးနေသည်။
အနှီအိုမီဂါသည် ခေါင်းကို ငုံ့ကာ ဂေါ်ဖီစိမ်းနှင့် ကညွှတ်တွေကို တခုပြီးတခု ကောက်စားနေသော်ငြား အနေတော်အတုံးလေးတွေ လှီးပြီး ထည့်ပေးထားသည့် အသားတွေကိုမူ နည်းနည်းမှ မထိဘဲ ပန်းကန် အနားစွန်းဆီ ဖယ်ထုတ်ထား၏။
အသီးအရွက်တွေကိုသာ စားပြီး အသားကို လုံးဝမှ မထိ။
အရင်က ဖုရှောင်ယွီဆိုလျှင် ဤသည်က မထူးဆန်းပါပေ။ သို့သော် ရွှီကျားလဲ့ကမူ သူ့ ကြောင်ဖက်တီးလေး၏ ပုံမှန် အမူအကျင့် မဟုတ်မှန်း တန်းသိလိုက်သည်။
သူ့မှာ စိတ်ပင် မချမ်းမသာဖြစ်သွားရသည်။
ထို့ကြောင့် သူ့ သဘောထားကို အနည်းငယ် ပြဖို့ ဆုံးဖြတ်လိုက်၏။
သူက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး
" အသားကကော၊ မစားဘူးလား "
" မစားဘူး "
ဖုရှောင်ယွီက လျင်မြန်စွာပင် ပြန်ဖြေသည်။
" ဗိုက်ပြည့်ပြီ "
တုံ့ပြန်မှုမှာ မြန်ဆန်ရိုးရှင်းလွန်း၍ ရွှီကျားလဲ့ အမေးကို တမင်တကာ စောင့်ဆိုင်းနေသည့် အတိုင်းပင်။
" ခင်ဗျား ကျွန်တော့်ကို "ဝတယ်" လို့ ပြောထားတယ်လေ၊ ဒါကြောင့် မစားဘဲ နေမလို့ "
အားစိုက်ထုတ်ပြီ စဥ်းစားနေစရာ မလိုဘဲ ရွှီကျားလဲ့သည် ဖုရှောင်ယွီ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်နေသည်။ သူ့ မျက်လုံးများထဲဝယ် အပြုံးရိပ်တို့က ထိန်းမရနိုင်စွာ ထွက်ပေါ်လာသော်ငြား မနည်း အောင့်ထားလိုက်ရပြီး ခါတိုင်းလိုပင် တုန့်ပြန်လိုက်သည်။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
