(၂၉)

6.2K 638 37
                                    

Unicode



" ဘယ်ရောက်နေပြီလဲ "

" လာနေတယ်၊ အရမ်းအမြန်လိုလို့လား "

" အင်း၊ မြန်မြန် "

ကားမောင်းနေရင်း ရောက်ခါနီး ဆယ်မိနစ်အတွင်း အားမုန့်သည် ရွှီကျားလဲ့ထံမှ မက်ဆေ့ချ်သုံးစောင် ရရှိခဲ့ပြီး တခါထက် တခါ ပို၍ အလောတကြီး ဖြစ်လာသည်။

သူ့မှာ လုံးဝကို အကြံအိုက် သွားရသည်။ ရွှီကော ဘာတွေ လောနေပါသနည်း။ ဒါက ကလေးတယောက်ကို ထိန်းပေးဖို့လောက်ပဲ မဟုတ်ဘူးလား။ သို့ပါလျက်နှင့် ခုလို အလျင်လိုနေသည့် ပုံစံမျိုးက သူ့ကို သေရေရှင်ရေး ကိစ္စတခုခုဖြစ်နေပြီဟုတောင် ထင်မှတ်လာစေသည်။

သို့သော်လည်း သူ ကားရပ်လိုက်ပြီး ရွှီကျားလဲ့ကို တွေ့လိုက်ရသည့်အခါတွင် ရုတ်ခြည်း သဘောပေါက်သွားတော့သည်။

" အန်ကယ်အားမုန့်! "

အားမုန့် ဘာမှ ပြောချိန်မရလိုက်သေးခင်မှာပင် အဖြူရောင်ဂျက်ကက် ဝတ်ဆင်ထားသည့် ဖက်ထုပ်ပိစိလေးက သူ့ ရင်ခွင်ထဲကို ခုန်ဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလာသည်။

" အားရော့ ဘယ်မှာလဲ၊ သား သူ့အတွက် ချောကလက် ယူလာခဲ့တာ! "

" အိုး .. နန်ရီလေးက လိမ္မာလိုက်တာ၊ ရော့ရော့က အိမ်မှာ သားသားနဲ့ ကစားဖို့ စောင့်နေတာ "

အားမုန့်က နန်ရီကို ကောက်ချီလိုက်ရင်း ရွှီကျားလဲ့ဆီမှ ရနေသည့် ဖီရိုမုန်းကို နှာခေါင်းတစ်ရှုံ့ရှုံ့ဖြင့် အနည်းငယ်မျှ အနံ့ခံကြည့်လိုက်မိသည်။

ဒီရနံ့က အမှတ်မမှားဘူးဆိုပါလျှင် သေချာပေါက်ပင် သူနှင့် ဆုံဖူးသည့် အနှီသူဌေးဆီကဖြစ်သည်။

ရွှီကောသည်ကား အထင်ကြီးလောက်ပါပေ၏။

သူသာ အတည်ပေါက် ကြိုးစားလျှင် မည်သူ့ကိုမဆို ရနိုင်သည်ဟု ဆိုခဲ့ခြင်းက ရယ်စရာပြောခြင်း မဟုတ်ခဲ့ပါချေ။

အားမုန့်သည် ထူးဆန်းသော အပြုံးကြီးကို ပြုံးလိုက်ပြီး

" ရွှီကော၊ မင်း .. "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now