Unicode
နောက်ဆုံးတွင် ရွှီကျားလဲ့၏ မဟာအသားဖြူ အစီအစဥ်ကြီးမှာ မပြီးမြောက်လိုက်ပါချေ။ အဓိကအကြောင်းအရင်းကမူ ဖုရှောင်ယွီသည် ရွှီကျားလဲ့၏ Mask ကြောင့် သူ့မျက်နှာပါ စေးကပ်ကပ် ဖြစ်လာသည်ဟု ကွန်ပလိန်းတက်သောကြောင့်။
ဖုရှောင်ယွီကို ပွေ့ဖက်ထားရမည့် အခွင့်အရေးနှင့် မိနစ်ပိုင်းမျှ Mask ကို ကပ်ထားရမည့်အရေး ဆုံးဖြတ်ရာတွင် သူသည် ခဏတာမျှသာ ရုန်းကန်လိုက်ရသည်။ ထို့နောက် Mask ကို ခွါချလိုက်ပြီး အရည်ကြည်တွေ အမြန်ခြောက်သွားရန်အလို့ငှာ အကောင်းတိုင်းရှိနေသည့် လက်ဖြင့် မြန်မြန်လေး ရိုက်လိုက်သေး၏။
သို့ကလို မျက်နှာကို ခြောက်သွေ့အောင် လုပ်နေသည့် ပုံမှာ အသားအရေထိန်းသိမ်းမှုကို ကောင်းကောင်းနားလည်သူတိုင်း မျက်မှောင်ကြုတ်သွားစေမည့် အပြုအမူပင်။
ရွှီကျားလဲ့ကတော့ ဂရုစိုက်မနေ၊ သူ့ မျက်နှာ စေးကပ်မနေတော့လျှင် ရပေပြီ။ သူက လုပ်ပြီးသွားသည့်အခါ လက်မောင်းကို ဖွင့်ပေးထားလိုက်ပြီး ဆိုသည်။
" ပြီးပြီ "
စကားလုံးတွေက သူ ခံစားနေရသည့် ပျော်ရွှင်မှုကို ဖော်ပြဖို့ မဖြစ်နိုင်။ မနက်စောစော တရေးတမော ပြန်အိပ်ရခြင်းက စိတ်ခံစားမှုကို နူးညံ့သွားစေပြီး နေရောင်ခြည်နွေးနွေးကလည်း ပြတင်းတံခါးလိုက်ကာကို ဖြတ်၍ နူးနူးညံ့ညံ့လေး ဖြာကျနေ၏။
ရွှီကျားလဲ့သည် အလွန်အိပ်ငိုက်နေပြီဖြစ်ပါသော်ငြား သူ့ လည်တိုင်ထက်ဝယ် ဖုရှောင်ယွီက မျက်နှာကို မြှုပ်ထားလျက် အိပ်ပျော်သွားသည့်အခါတွင် နူးညံ့ညင်သာသည့် ပျော်ရွှင်မှုက သူ့ တကိုယ်လုံးကို ဖုံးလွှမ်းလို့သွားသည်။
ဖုရှောင်ယွီသည်လည်း အမှန်တကယ် ပင်ပန်းနေခဲ့သည်ဖြစ်ရာ များမကြာမီမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏။ အသက်ရှူသံ ဖြည်းဖြည်းမှန်မှန်နှင့်အတူ ရံဖန်ရံခါ ဟောက်သံခပ်တိုးတိုးလေးပင် ထွက်လာတတ်သေးသည်။
ဟောက်သံမှာ တိုးလျလွန်း၍ ကြောင်လေးတကောင် ဂွီသံမြည်နေသည်နှင့်ပင် ပိုတူသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
DragosteTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ