(၇၇)

2.7K 405 10
                                    

Unicode



ညစာစားပြီးသွားသည့်အချိန် အတော် နောက်ကျနေခဲ့ပြီ။ အစတွင် ဝမ်းခေါ့သည် ဟန်မိသားစု၏ ယာဉ်မောင်းအား ရွှီကျားလဲ့တို့နှစ်ယောက်ကို B မြို့သို့ တခါတည်း ပြန်လိုက်ပို့ပေးရန် ပြောထားခဲ့သော်လည်း ဖုရှောင်ယွီက ငြင်းဆိုလိုက်သည်။

" ရတယ်၊ အလုပ်ရှုပ်မခံနေနဲ့တော့၊ ငါတို့တွေ အပြန်လက်မှတ် ကြိုဖြတ်ထားပြီးသား၊ ဘူတာကို ဒီကနေ လမ်းလျှောက်ရင် နီးနီးလေးရယ်၊ မင်းတို့သာ အရင်ပြန်လိုက်ကြတော့၊ နက်ဖြန်ကျ ဖုန်းဆက်လိုက်မယ် "

သူတို့တွေ မထွက်ခွာကြခင် ဖုရှောင်ယွီက ရွှီကျားလဲ့၏ ပခုံးပေါ် ပျင်းရိလေးတွဲ့စွာဖြင့် ခေါင်းမှီထားရင်း ဟန်ကျန်းခေါ့တို့ လင်မယားကို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်သည်။ ဟန်ကျန်းခေါ့သည် ကားထဲတွင် မှင်တက်နေသည့် အမူအရာဖြင့် ထိုင်နေသည်။

ဖုရှောင်ယွီနှင့် ရွှီကျားလဲ့တို့ တကယ်ကြီး တွဲနေကြပြီဟူသည့် အချက်ကို လက်ခံနိုင်ဖို့ရာ အတော်ကြီးကို ရုန်းကန်နေရသည်။ ထိုသို့တွဲနေကြသည်ကို လက်မခံနိုင်သေးဘူးဟု ပြောမည့်အစား ဖုရှောင်ယွီ ချစ်မိသွားသည့် အချက်ကို မယုံကြည်နိုင်အောင် ဖြစ်ရသည်ဟူ၍ လက်ခံလိုက်သည်ကမှ ပိုကောင်းသေးသလို ထင်မိသည်။

" ဘာဖြစ်လို့လဲ "

ဘေးမှာထိုင်နေသည့် ဝမ်းခေါ့က သူ့ကို ညင်သာစွာ ပွေ့ဖက်ပြီး မေးလိုက်သည်။

သူသည် အိုမီဂါ၏ ပခုံးပေါ် မှီထားလိုက်ကာ လေသံတိုးတိုးဖြင့် ​ဆို၏။

" ဖုရှောင်ယွီ ဒီလောက်ထိ ပျော်နေတာမျိုး တခါမှ မတွေ့ဖူးသေးဘူး၊ သူ ပိုက်ဆံအများကြီး ရှာလိုက်နိုင်တုန်းကတောင် ဒီလောက်ထိ မပျော်ခဲ့ဘူး "

" ပျော်တယ်ဆို ကောင်းတာပဲ မဟုတ်ဘူးလား "

ဝမ်းခေါ့က ဟန်ကျန်းခေါ့၏ မျက်နှာကို လက်ဖြင့် အသာထိတွေ့လိုက်ရင်းက မေးသည်။

" ဘာလို့ သက်ပြင်းချနေတာလဲ "

" မသိဘူး "

ဟန်ကျန်းခေါ့သည် ရုတ်​တရက်​ကြီး ဝမ်းနည်း​လို့လာသည်​။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now