အချပ်ပို (၁၀)

3.3K 402 6
                                        

Unicode

ကိုယ်ဝန်ဆောင်ခြင်း -

သူ၏ အုံ့မှိုင်းနေသော စိတ်အခြေအနေမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော်ငြား အလုပ်ခွင်ထဲတွင် ရှိနေသည်ဖြစ်၍ ဓာတ်လှေကားတံခါး ပွင့်သွားချိန်တွင် ခါတိုင်းကဲ့သို့ပင် သာမာန်ကျကျ အေးဆေးတည်ငြိမ်သည့် မျက်နှားထားအတိုင်း နေလိုက်ရသည်။

" လက်မှတ်ထိုးရမဲ့ စာရွက်စာတမ်းတွေကို စားပွဲပေါ် တင်ထားပေး "

" ဆယ့်တနာရီလောက်ကျရင် ပြီးခဲ့တဲ့ လရဲ့ အခြေအနေကို ပြန်သုံးသပ်ဖို့ လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ကလူတွေကို ခေါ်ထားပေး၊ ဘယ်သူမှ နောက်ကျတာ မလိုချင်ဘူး၊ ပြီးရင် နေ့လည် ဆယ့်နှစ်နာရီမှာ ဝမ်ကျင့်လင်ကို ငါ့ ရုံးခန်းဆီ လာခိုင်းထားဦး၊ နောက်ဆုံး အပ်ဒိတ်တွေအကြောင်း သူ့ကို မေးစရာရှိလို့ "

ဝမ်ရှောင်ရှန်းကို ညွှန်ကြားနေရင်း သူ့ အချိန်ဇယားကို ဖုန်းထဲ အမြန်လေး စစ်ကြည့်ကာ ရုံးခန်းထဲ ဝင်လိုက်သည်။

" နောက်ပြီး ရှောင်တုန့်ကို ဆင်းလာပြီး ကော်ဖီတခွက်လောက် ဝယ်ပေးဖို့ ပြော .. "

" ဥက္ကဋ္ဌဖု ! "

ထိုညွှန်ကြားချက်ကို ကြားသည်နှင့် ဝမ်ရှောင်ရှန်းက ချက်ချင်း ကန့်ကွက်သည်။

" ခင်ဗျား ကော်ဖီ သောက်လို့ မရသေးဘူး၊ ရွှီကောက ကျွန်တော့်ကို သေချာ မှာထားတယ် "

" … "

ဖုရှောင်ယွီ အသက်ပြင်းပြင်း ရှိုက်ရှူလိုက်သည်။

မှာထားတော့ရော ဘာဖြစ်လဲ။

ကိုယ်ဝန်ဆောင်ချိန်မှစ၍ တကမ္ဘာလုံးက သူ့ကို ဝိုင်းဂရုစိုက်နေပြီး သူ့ အဝတ်အစား ရွေးချယ်ခြင်းမှသည် အစားအသောက်တွေအထိ အရာအားလုံးကို လိုက်ပြီး လွှမ်းမိုး ချုပ်ကိုင်နေသလို ခံစားရသည်။

မသိလျှင် သူကပဲ ဘာမှမသိ နားမလည်ဘဲ တာဝန်မဲ့သည့် အိုမီဂါ ဖခင်ဖြစ်နေသည့်အတိုင်း။ သို့သော်ငြား သူ သိထားသင့်သည့် ကိစ္စမှန်သမျှကို ကိုယ်တိုင် စစ်ဆေးဖတ်ရှုထားပြီးဖြစ်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now