(၆၁)

5.3K 604 16
                                    

Unicode

ဖုရှောင်ယွီသည် ဝမ်ရှောင်ရှန်းကို လိုက်ပို့ပြီးနောက် ရွှီကျားလဲ့ ပန်းကန်ဆေးနေရာဆီ ပြန်လာသည်။

" ဝမ်ရှောင်ရှန်း ပြန်ပြီပေါ့ "

" အင်း "

ရွှီကျားလဲ့ဆီ လျှောက်လာတုန်းကတည်းက ဖုရှောင်ယွီမှာ လေပေါ် ဝဲနေသလို ခံစားနေရပြီဖြစ်သည်။ အနားရောက်သည့်အခါ ရွှီကျားလဲ့ကို ခပ်မြူးမြူး ကြည့်လိုက်ပြီး သူ့ ကိုယ်လုံးကလည်း သဘာဝကျကျပင် အနားသို့ ရောက်သည်အထိ တိုးကပ်လာသည်။

ရွှီကျားလဲ့က

" မင်း သောက်တာ များသွားပြီမလား "

" မဟုတ်တာ၊ ကျွန်တော် မမူးဘူး "

ဖုရှောင်ယွီက လျင်မြန်စွာပင် ပြန်ငြင်းသည်။ သူ ဒီတိုင်း ရွှီကျားလဲ့နှင့် အချိန်ကြာကြာလေး နေချင်ရုံသာ။

" မင်း ရေချိုးဖို့ ခုလေးတင် ရေနွေး ပြင်ပေးထားတယ် "

ရွှီကျားလဲ့သည် ဖုရှောင်ယွီ၏ ခါးကို ဂရုတစိုက် ထိန်းထားပေးပြီး ရေနွေးကန်ထဲ ချပေးလိုက်၏။

" ခဏလောက် စိမ်ချင်သေးလား "

" အွန်း "

ဖုရှောင်ယွီ၏ မျက်လုံးတွေက ရွှီကျားလဲ့ဆီတွင်သာ ရှိနေသည်။

ဖုရှောင်ယွီကို ကန်ထဲ ထည့်ပေးပြီးသည်နှင့် ရွှီကျားလဲ့သည် ဧည့်ခန်းထဲ ပြန်ထွက်သွားကာ ပြန်ဝင်လာသည့်အချိန် သူ့ လက်ထဲတွင် ဝှိုက်ဘုတ်တခု၊ စာရွက်နည်းနည်းနှင့် မာကာတချောင်း ပါလာသည်။

ခဏလေး၊ အဲ့ဝှိုက်ဘုတ်က ဘာလုပ်ဖို့။

မူလက ဖုရှောင်ယွီသည် ရေချိုးရုံတင် ရည်ရွယ်ခဲ့တာပင်။ သို့သော်လည်း အဝတ်တွေ အကုန်ချွတ်ပြီး ရီဝေဝေခံစားချက်နှင့် ရေချိုးကန်ထဲ စိမ်လိုက်ရသည့်အချိန်တွင် အရမ်းကိုမှ သက်တောင့်သက်သာရှိလွန်း၍ လှုပ်ရှားမှုတွေက နှေးကွေးလို့သွားသည်။ တခုခုတော့ မူမမှန်သလိုရှိမှန်း တွေးမိပါသည့်တိုင် သူသည် ရေချိုးကန်းအစွန်းသို့ တိုးထိုင်လိုက်ရင်းက မိုက်မိုက်မဲမဲနှင့်ပင် မေးလိုက်မိသေး၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now