Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၂၁
" ဘေဘီ "
ရွှီကျားလဲ့က ဖုရှောင်ယွီ၏ ကျောကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
" ကိုယ် ပြောတာ နားထောင်ကြည့်၊ တကယ်လို့ မင်း နို့တိုက်ရတာ အဆင်မပြေဘူးဆိုရင် ကိုယ်တို့ မတိုက်တော့ဘူးလေ၊ ရတာပေါ့ "
ထိုသို့ ပြောပြီး အိုမီဂါ၏ မျက်နှာကို သူ့ ပခုံးဆီနား အပ်ထားစေလိုက်သည်။
ဖုရှောင်ယွီထံမှ နှာရှုံ့သံ သဲ့သဲ့ထွက်လာ၏။
ဤကမ္ဘာပေါ်တွင် သူ့အား နှစ်သိမ့်ပေးသည့်အချိန် မသိမသာစေဘဲ လှည့်ကွက်ကလေးဖြင့် သို့ကလို မျက်နှာကို ကွယ်ဝှက်ထားစေပြီး သူ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသည့်နည်းကို ရွှီကျားလဲ့သာလျှင် သိသည်။
" ကျွန်တော် တိုက်နိုင်ပါတယ် "
လုပ်နိုင်ပါလျက် မလုပ်ဘဲနေခြင်းက မမှန်ကန်။
သင့်လျော်သည့် အကြောင်းပြချက်က သူ့ကို ထိုသို့ ပြောနေပါသော်ငြား သူ လုပ်နိုင်ပါကြောင်း ဆိုလိုက်သည့် အခိုက်အတန့်ဝယ် ဖုရှောင်ယွီမှာ ဆက်လက်တောင့်မခံနိုင်တော့။
" ရွှီကျားလဲ့၊ ကျွန် ... ကျွန်တော် မပျော်ဘူး "
" သိတာပေါ့၊ ကိုယ့် ဘေဘီလေး၊ လာပါ၊ ကိုယ် နမ်းပါရစေဦး "
ရွှီကျားလဲ့၏ အသံသည် နက်ရှိုင်း အားကောင်းကာ သူ့ နှုတ်မှနေ၍ တီတီတာတာစကားမျိုး ထွက်ခဲသည်။ ထိုသို့ ပြောနေရင်းက အလစ်သုတ်သမားလေးသဖွယ် ဖုရှောင်ယွီ၏ မျက်နှာကို ဆွဲမော့ပြီး ဖျတ်ခနဲ နမ်းလိုက်ကာ ခေါင်းကို သူ့ ပခုံးပေါ် ပြန်အပ်ထားစေလိုက်သည်။
" မင်း ဘယ်လို ခံစားရတယ်ဆိုတာ ကိုယ့်ကို အကုန်ပြောပြ၊ နော် "
" ကျွန် ... ကျွန်တော့် စိတ်တွေ အဆင်မပြေဘူး၊ ရွှီကျားလဲ့ "
ဖုရှောင်ယွီက နှာသံလေးဖြင့် တိုးလျလျ ညည်းညူလာသည်။
" ထမင်းစားနေရင်ပဲဖြစ်ဖြစ်၊ အိပ်နေရင်ပဲဖြစ်ဖြစ်တာ၊ မဟုတ်လည်း နို့တိုက်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ ကျွန်တော့် စိတ်တွေက အမြဲ မငြိမ်မသက်ဖြစ်နေတယ်၊ နေ့တိုင်း ကိုယ့်က်ုယ်ကိုယ် ဘာလုပ်လို့ လုပ်နေမိမှန်းလဲ မသိဘူး၊ စိတ်က အမြဲတမ်း ဗလာကြီး၊ ကလေးငိုသံကြောင့် နိုးလာတဲ့အခါဆိုလည်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်၊ ကလေးကို ချစ်ပေမဲ့၊ သူ့ကို ထွေးပွေ့ထားရလို့ ပျော်နေပေမဲ့ … "
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomansaTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
