Unicode
ဖုရှောင်ယွီက ခေါင်းကို ငုံ့ထားလိုက်ပြီး ဘီယာခွံအလွတ်ကို ညှစ်လိုက်သည့်အခါ အသံက ကြွပ်ဆတ်စွာ ထွက်လာသည်။
" ဝမ်းနည်းစရာ အမှတ်တရတွေကို ဟိုး အနောက်ဆုံးကို ပို့ပစ်မှာ ? "
မသိလျှင် သူ့ ပုံစံက ဘီယာဗူးနှင့် စကားပြောနေသည့်နှယ်။
ဖုရှောင်ယွီ၏ မျက်လုံးဝိုင်းများထဲဝယ် ရှုပ်ထွေးနေသည့် ခံစားချက်တို့ဖြင့် ပြည့်လုမတတ် ဖြစ်နေသည်။
" ခင်ဗျား ဒီလို တိုက်ခိုက်တာကို ကြည့်နေရုံနဲ့ ကျွန်တော်က တကယ်ကြီး ပြန်ပြီး ပျော်ရွှင်နိုင်မှာတဲ့လား "
အမြဲလိုလို ကြံ့ခိုင်သန်မာပြီး ပန်းတိုင်ကိုသာ ဦးတည်ရှေးရှူလေ့ရှိသည့် အိုမီဂါသည် ယခု၌မူ အမှောင်ထဲ လမ်းပျောက်နေသည့် ကြောင်လေးတကောင် လိုဖြစ်နေ၏။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်စရာမလိုဘဲ ပျော်ရွှင်မှုကို တကယ်ခံစားနိုင်ပါ့မလားဟူသည့်အတွေးက သူ့ကို လုံးဝ နားမလည်နိုင်အောင်ဖြစ်စေသည်။
တဖက်တွင်ရှိနေသည့် ရွှီကျားလဲ့မှာ ဖုရှောင်ယွီ၏ အမူအရာကို တွေ့မြင်လိုက်ရသည့်ခဏ သူ့နှလုံးသားကို လက်ထဲ ထည့်ကာ ဖြစ်ညှစ်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
မိမိ၏ မွေးရာပါ အဆိုးမြင်ဝါဒနှင့် နှိုင်းယှဉ်လျှင် ဖုရှောင်ယွီသည် သူ၏ စိတ်နှလုံးအတွင်းမှနေ၍ ပျော်ရွှင်ဝမ်းမြောက်မှုကို အမှန်တကယ် လိုချင်တောင့်တကာ ထိုအတွက် ကြိုးစားလုပ်ဆောင်ရန်လည်း ဆန္ဒရှိသည်။
အနှီအိုမီဂါသည်ကား ပျော်ရွှင်မှုကို စစ်မှန်စွာ ယုံကြည်သူတဦးဖြစ်ပါ၏။
ထိုသို့သောသူက သို့နှယ် စိတ်ပျက်သွားသည်မှာ သရဲဘောအကြောင်ဆုံးသော လမ်းကို ရွေးချယ်ခဲ့ပြီး သူ ယုံကြည်ထားသည့် ပျော်ရွှင်မှုကို ဆုံးရှုံးစေခဲ့သည်ကြောင့်ပင်။
" ရှောင်ယွီ "
ရွှီကျားလဲ့မှာ အချိန်အတော်ကြာသည်အထိ ဆက်ပြောဖို့ရာ တွန့်ဆုတ်နေမိသည်။ နောက်ဆုံးတွင် သူက အက်ရှစွာဖြင့် ဆိုလိုက်သည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ