(၆၃)

4.1K 626 38
                                    

Unicode



" ခဏ "

ရွှီကျားလဲ့ ရှေ့သို့ ခြေတလှမ်း တိုးလိုက်သည်နှင့် ဖုကျင့်ကလည်း ဖုရှောင်ယွီ၏ လက်ကောက်ဝတ်ကို တင်းနေအောင် ဆုပ်ကိုင်လိုက်ပြီး သူ့ အနောက်သို့ ဆွဲယူကပ်ထားကာ ရွှီကျားလဲ့ကို ပြင်းထန်စူးရှသည့် မျက်ဝန်းတွေဖြင့်  စိုက်ကြည့်နေသည်။

အခြေအနေက ထိန်းမနိုင်သိမ်းမရဖြစ်တော့မည်မှန်း မြင်လိုက်ရသည်တွင် ဖုရှောင်ယွီ လေသံတိုးတိုးဖြင့် ဆိုလာသည်။

" ရွှီကျားလဲ့၊ ကျွန် .. ကျွန်တော် အဖေနဲ့ အရင် လိုက်ပြန်လိုက်မယ် "

တကယ်တန်း သူ့ စိတ်အရဆိုပါလျှင် ဖခင်၏ အလိုအတိုင်း လိုက်ဖြစ်ချင်မှ လိုက်ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ထိုခဏတွင် ကျင်းချူ၏ ရှေ့မှောက်၌ ဖုကျင့်နှင့် ရွှီကျားလဲ့ တယောက်နှင့် တယောက် အချေမတင်ဖြစ်ကြမည်ကို မမြင်စေချင်လိုပေ။ သို့ကလို ရုန်းရင်းဆန်ခတ်ဖြစ်နေကြမည့် မြင်ကွင်းမျိုးကို မြင်ယောင်ကြည့်မိရုံနှင့်တင် စိုးရိမ်စိတ်ကြောင့် သူ့ လက်ချောင်းတွေပါ တုန်ယင်လာ၏။

အနှီစိုးရိမ်​သောကသည် အကြောက်တရားဆီမှ မြစ်ဖျားခံလာပြီး သူ ကြောက်ရွံ့မိသည်က ကျင်းချူ ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်။

ကျင်းချူသည် ဤနေရာသို့ ရောက်ဖို့ရန်အတွက် သမုဒ္ဒရာကိုပင် ဖြတ်သန်းလာခဲ့ရသည့် အိုမီဂါတဦးဖြစ်ရာ အရေးမပါသည့် စကားတခွန်း နှစ်ခွန်း ပြောဖို့ရန်အတွက်လောက်နှင့်တော့ တကူးတက လာမည်မဟုတ်မှန်း သေချာသည်။

ဖုရှောင်ယွီ ပြောသည်ကို ကြားလိုက်ရသည်နှင့် ရွှီကျားလဲ့၏ ခြေလှမ်းတွေက ချက်ချင်း ရပ်တန့်လို့သွားကာ နာကျင်နေသည့် မျက်နှာ အမူအရာဖြင့်

" ကောင်းပြီ "

ဤသို့သော အခြေအနေမျိုးတွင် သူ့ အနေအထားမျိုးနှင့် မည်မျှ နားဝင်အောင် ပြောနေစေကာမူ အခြေအနေကို ငြိမ်သက်သွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်မှန်း သူ ကောင်းကောင်းကြီး သိနေသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now