(၁၁၃)

4.2K 562 26
                                        

Unicode


မိုးရွာပြီးစ ညကောင်းကင်သည် တိမ်ထူနေဆဲဖြစ်ကာ လမ်းကလည်း အနည်းငယ် ချော်နေသေးသည်။

ဝမ်ဟွိုင်ရွှမ်း ငှားထားသည့် မော်တော်ဆိုင်ကယ်မှာ အတော်ဟောင်းနေပြီဖြစ်သည်။ သူတို့ အနောက်ကနေ လိုက်လာမည့် လူတွေနှင့် တတ်နိုင်သမျှ ဝေးဝေးရောက်ချင်၍ လီဗာကို မြှင့်လိုက်ပါသော်လည်း လက်သာ အံသေတော့မလိုဖြစ်ပြီး အရမ်းမြန်မြန် မောင်းလို့မရချေ။

ဝမ်ဟွိုင်ရွှမ်းပဲ အခြေအနေကို ရိပ်စားမိသည်လား သို့မဟုတ် ဝမ်ရှောင်ရှန်းကပဲ တခုခု ပြောထား၍လား မသိ။ သူတို့ အနောက်ကနေ၍ အသိအသာ ကပ်မလိုက်လာဘဲရှိသည်။

ဖုရှောင်ယွီသည် နောက်တွင် ထိုင်လိုက်လာရင်း ဖူးခက်ကျွန်း၏ ဆားငန်အရသာ လေနှင့်အတူ ရောနှောနေသည့် အယ်လ်ဖာ၏ ပူရိမ်းရနံ့ ခပ်သင်းသင်းကိုပါ ရှူရှိုက်မိသည်။

ရုတ်တရက် သူ့ အတွေးထဲ "Eat Drink Man Woman" ထဲမှ ဇာတ်ဝင်ခန်းတခုက ရောက်လာသည်။ ရှေးဆန်သည့် ကျားကျန်းသည် နောက်ဆုံးတွင် အရိုင်းဆန်သည့် ဆံပင်ကောက်ကောက်နှင့် ကာယဆရာ၏ ဆိုင်ကယ်နောက် တက်စီးသွားသည့် မြင်ကွင်းပင်။ ထိုမြင်ကွင်းသည် ပုန်ကန်မှုနှင့် ပျော်ရွှင်မှု၏ နိမိတ်ပုံဖြစ်ကာ တချိန်က သူသည် ချစ်ခြင်းတရားကို ထိုထဲကတိုင်း စိတ်ကူးယဉ် ပုံဖော်ခဲ့ဖူးသည်။

နောက်ဆုံးတော့ ယခုညတွင် သူ့ကိုယ်သူ ထိုပုံဖော်မှုအတိုင်း ပြန်မြင်ခဲ့ရပြီဖြစ်သည်။

သို့သော် သူ စိတ်ကူးယဥ်ခဲ့သလိုမျိုးတော့ မဟုတ်ခဲ့ချေ။

ယခု သူနှင့် အတူရှိနေသည့် အယ်လ်ဖာမှာ အဖြူရောင် ကိုယ်ကျပ်ခါးတိုအင်္ကျီနှင့် အနက်ရောင်အသားကပ်ခြေစွပ်ကို ဝတ်ဆင်ထားပြီး တင်ပါးနောက်တွင် ပန်းရောင်ယုန်မြီးဖွားတခုရှိနေကာ ပင်လယ်လေပြေကို ခွင်း၍ မော်တော်ဆိုင်ကယ်အိုကြီးကို မောင်းနှင်နေခဲ့သည်။

ဘဝဟူသည် ရုပ်ရှင်ထဲကထက် ကိုးရိုးကားယားနိုင်ပြီး ရူးသွပ်ချင်စရာကောင်းသည်။

ပထမတော့ လမ်းဘေးတဖက်တချက်စီမှာ သစ်သီး၊ ငါးကင်စသဖြင့် ရောင်းနေသည့် ဈေးသည် ကျိုးတိုးကျဲတဲ တွေ့နေရသေးသော်လည်း တဖြည်းဖြည်းနှင့် မည်သည့် ဈေးသည်မှ မရှိတော့သလို လမ်းသွားလမ်းလာတွေပင် မတွေ့ရတော့သလောက် ဖြစ်လာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now