အချပ်ပို (၁၄)

2.9K 358 13
                                        

Unicode

ကိုယ်ဝန်ဆောင်ခြင်း -

နန်ရီအား သူ့ သူငယ်ချင်းများရှိသည့် ရေကူးကန်သို့ လိုက်ပို့ပေးပြီးနောက် ရွှီကျားလဲ့သည် သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ ကော်ဖီ စားပွဲရှေ့ ကော်ဇောပေါ်တွင် အမြန်နေရာယူလိုက်ရ၏။ နေ့လည်ခင်းတွင် ဗီဒီယို နှီးနှောဖလှယ်ပွဲတခု တက်ရောက်ရမည်ဖြစ်ပြီး စကားပြောသည့်အခါတွင် သူ့ မျက်နှာကို ပြဖို့ရန် လိုအပ်သည်။

ရွှီကျားလဲ့ အလုပ်များနေချိန်တွင် ဖုရှောင်ယွီကမူ အချိန်ကွာဟမှုကြောင့် အလုပ် လုပ်စရာ မလိုပေ။ ထိုသို့ ဘာအလုပ်မှ လုပ်စရာ မရှိသည့် အချိန်မျိုးတွင် ဖုရှောင်ယွီက လူ အရမ်းကပ်တတ်သည်​။

နှီးနှောဖလှယ်ပွဲက နှစ်နာရီကြာမြင့်သည်။ သူ ဆွေးနွေးသည့်အလှည့် ပြီးသွားသည့်အခါ ရွှီကျားလဲ့က တခြားသူတွေ၏ အမြင်ကို နားထောင်ပြီး မှတ်စု လိုက်မှတ်သည်။ သို့သော် ထိုအချိန်အတွင်း ဖုရှောင်ယွီသည် သူ့ ပခုံးပေါ် ခေါင်းကို ခဏတိုင်းလို လာမှီထားသည်။

သူ့ကို နှောင့်ယှက်နေခြင်း မဟုတ်သော်လည်း ထိုလုပ်ရပ်၏ အဓိပ္ပာယ်မှာ အလွန်ရိုးရှင်းပါ၏။

အနှီအိုမီဂါသည်ကား သူ့ကို ပွေ့ဖက်ခိုင်းနေတာပင်။

ရွှီကျားလဲ့မှာ အတော်ကြာသည်အထိ တောင့်ခံနေလိုက်သေးသည်။ သို့သော်ငြား အဆုံးတွင် နည်းနည်းမျှ မယဉ်ကျေးမှန်း သိနေသည့်ကြားက သူ့ ရှေ့ကင်မရာကို ပိတ်လိုက်ပြီး အိုမီဂါကို ပွေ့ဖက်ရန် လက်နှစ်ဖက်ကို ဖွင့်ထားပေးလိုက်၏။

ဖုရှောင်ယွီသည် ရွှီကျားလဲ့၏ အနွံတာခံမှုကို အခွင့်ကောင်းယူကာ ချက်ချင်းပင် အယ်လ်ဖာ၏ လက်တွေအကြား တိုးဝင်လိုက်ပြီး မျက်လုံးများကို မှေးမှိတ်လိုက်သည်တွင် နောက်ဆယ်မိနစ်အတွင်းမှာပင် သက်တောင့်သက်သာအမူအရာဖြင့် အိပ်ပျော်သွားတော့သည်။

ရွှီကျားလဲ့သည် သူ့ လည်ပင်းအခွက်ကြားထဲ ဖုရှောင်ယွီ၏ မျက်နှာ မြှုပ်ထားသည်ကို ခံစားမိနေ၏။ ထိုသူ အိပ်ပျော်သွားသည်နှင့် ခန္ဓာကိုယ်က ပြေလျော့သွားလေရာ အနည်းငယ် ဖောင်းကားချင်နေသည့် ဝမ်းဗိုက်ပုံစံက ပို၍ သိသာလာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now