(၃၀)

3.7K 451 20
                                    

Unicode



ယခုတကြိမ် အဆုံးသတ်သည်ကား ပြင်းပြသည့် သာယာမှုနှင့်အတူ အကြမ်းပတမ်းဆန်လွန်းလှ၏။ ရွှီကျားလဲ့သည် ဖုရှောင်ယွီအား နည်းနည်းလေးသော်မျှ နောက်ဆုတ်ခွင့်မပေးဘဲ ပြီးပြည့်စုံသည့် အမှတ်အသား မပြုမပြီးမချင်း သူ့ အောက်တွင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်လို့ထားသည်။

ဖုရှောင်ယွီမှာ မျက်လုံးတွေ ပိတ်ထားပါသည့်တိုင် ကမ္ဘာကြီးက ချာချာလည်နေသလို ခံစားရပြီး သူ့ ခန္ဓာကိုယ်ကလည်း သူနှင့် မသက်ဆိုင်တော့သလိုပင် မှတ်ထင်ရသည်။

မည်သည့်အချိန်က သူ အမှန်တကယ် အထွတ်အထိပ် ရောက်သွားသည်ဆိုတာကိုပင် သေချာ မသိတော့။

သူ့အတွေးတွေ လွင့်မျှောနေသည်မှာ ရွှီကျားလဲ့ အသံကို ပြန်မကြားခင်အထိပင်။

" မင်းက သောက်ရမ်းကိုမှ မိုက်လွန်းတယ် "

ထိုသို့ ကြားလိုက်ရချိန်တွင် သူသည် လုံးဝကို ပျော့ခွေနေပြီး တကိုယ်လုံးလည်း စေးပျစ်နေခဲ့ပြီဖြစ်၏။

" ဖုရှောင်ယွီ၊ မင်း ချွေးတွေ အရမ်းထွက်နေတယ် "

ကျွန်တော် သိတာပေါ့။

ဖုရှောင်ယွီသည် အနည်းငယ် စိတ်ပေါက်ပေါက်ဖြင့် တွေးနေမိသည့်တိုင် ထုတ်ပြောရန်မူ ခွန်အားမရှိချေ။

သူ့ကိုယ်သူ ချွေး အရမ်းထွက်တတ်မှန်း သိ၍လည်း အမြဲဂရုတစိုက် နေလေ့ရှိသည်။ နွေရာသီဆိုလျှင် တနေ့ကို ရေနှစ်ကြိမ် မှန်မှန် ချိုးလေ့ရှိသော်ငြား ယခု သူ့တွင် ထပြီး ရေချိုးနေဖို့ ခွန်အား မရှိတော့။

ရွှီကျားလဲ့က ခပ်တိုးတိုး ရယ်သွမ်းသွေးနေသည်။

ဖုရှောင်ယွိသည် အိုမီဂါဖြစ်သော်လည်း နှစ်ပေါင်းများစွာ လေ့ကျင့်ခန်းလုပ်ခဲ့ခြင်းကြောင့် သူ၏ ဝမ်းဗိုက်အောက်ပိုင်းသည် ချပ်ရပ်ပါသည့် ကြွက်သားလိုင်းတွေနှင့် ဆွဲဆောင်မှုရှိနေသည်။ ဤသည်က အထက်တန်းစား အသွင်အပြင်ဟု ဆိုနိုင်၏။ သို့သော်လည်း အနှီမိမိုက်လွန်းသည့် ကြွက်သားမြောင်းတွေ၏ အောက်ခြေတွင် မလိုက်မဖက် ချစ်စရာကောင်းလွန်းသည့် ချက် ဝိုင်းဝိုင်းလေးက ရှိနေ၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now