(၆၅)

5.2K 673 45
                                    

Unicode



ဖုရှောင်ယွီနှင့် အကြည့်ချင်းဆုံနေသည့် စက္ကန့်အနည်းငယ်အတွင်း အလုံးစုံသော ရုပ်ပုံလွှာတွေသည် အေးခဲသွားသလို ခံစားလိုက်ရပြီး စကားသံများနေရာတွင် မိုးစက်မိုးပေါက်သံတို့က အစားထိုး ဝင်ရောက်လာသည်။

ဤလမ်းသည် ကျူးယဗီလာမှ Uloft သို့ ရောက်သည့် တခုတည်းသော လမ်းဖြစ်ကာ သူတို့တွေ တိုက်တိုက်ဆိုင်ဆိုင် လာဆုံဆည်းကြခြင်းမှာ ဖုရှောင်ယွီက သူ့ အကြောင်းတွေးမိပြီး Uloft သို့ လာခဲ့သလို မိမိကလည်း အလားတူ အတွေးဖြင့် ဖုရှောင်ယွီဆီ အပြေးလာခဲ့သောကြောင့် ဖြစ်ပါ၏။

လေပြင်းအဝှေ့တွင် ရွှီကျားလဲ့ လက်အတွင်း မတည်မငြိမ်ရှိနေခဲ့သည့် ထီးသည် ရုတ်တရက် ဇောက်ထိုးပြောင်းပြန်ဖြစ်သွားကာ လေနှင့်မိုးဒဏ်ကို  အကာအကွယ် မပေးနိုင်ရှာတော့ဘဲရှိသည်။ မိုးရေစက်ကြီးတွေက ရွှီကျားလဲ့၏ မျက်နှာဆီ ကျရောက် ရိုက်ခတ်လာ၏။

အမြဲတမ်းလိုလို ကျိုးကြောင်းဆီလျော်ကျကျ ဆုံးဖြတ်လေ့ရှိသည့် ဦးနှောက်က မိုးရေမစိုအောင် ကားထဲ ဝင်လိုက်ဖို့ အချက်ပေးနေပါသည့်တိုင်  Lamborghini ဘေးနားတွင် ရပ်နေခဲ့သည့် ဖုရှောင်ယွီက သူ့ဆီ ပြေးဝင်လာချိန်တွင်ကား သူ့ စိတ်အစဥ်သည် ရုတ်ခြည်းပင် ရပ်တန့်လို့သွားတော့သည်။

ထိုအချိန်တွင် သူ့ အတွေးထဲ ရှိနေသည်က တခုတည်းသာ။

သူ ဖုရှောင်ယွီကို နမ်းချင်သည်။

မိုးတွေ စိုကုန်တော့ရော အရေးလား။ ချိုပြစ်ပြစ် အချစ်ဒရာတွေထဲကလို တုံးတုံးအအ ဇာတ်ကွက်ဖြစ်နေပါစေ။ သူ ဂရုမစိုက်တော့။

ရွှီကျားလဲ့သည် လက်အစုံကို ဖွင့်ဟထားလိုက်ကာ တကိုယ်လုံး ရေတွေရွှဲစို၍ အမွှေးတွေနှင့် အိကျနေသည့် ခြင်္သေ့လေးတကောင်ကို ကောက်ပွေ့လိုက်သည့်နှယ် အိုမီဂါကို ထွေးဖက်ကာ ကြိုဆိုလိုက်သည်။

ရွှီကျားလဲ့သည် ဦးစွာ ခေါင်းကို ငုံ့လိုက်ပြီး ဖုရှောင်ယွီ၏ နှုတ်ခမ်းတွေကို ခပ်ဖွဖွ နမ်းလိုက်၏။ ထိုမျှ မဖြစ်စလောက်သော ထိတွေ့မှု သေးသေးလေးကပင် သူ့ကို အနည်းငယ် ကြောက်ရွံ့ထိတ်လန့်သွားသည်အထိ ဆွဲဆောင်မှုဖြစ်စေသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now