(၁၂၉)

6.4K 603 87
                                        

Unicode

ခြောက်နှစ်ကြာသော်။

နှစ်သစ်ကူးအကြိုညမတိုင်မီ နေ့လည်ခင်းတွင် မိုးဖွဲဖွဲ ရွားသွန်းနေရာမှ ရပ်တန့်သွားသည်ဖြစ်၍ ဆောင်းရာသီသည် အထူးပင်နွေးထွေးလာသလိုရှိသွားသည်။

ထိုစဥ် အဝေးပြေးလမ်းမကြီးပေါ်တွင် အနက်ရောင် Bentley ကားတစီးသည် ကျင်းချန်ဘက်သို့ တည်ငြိမ်သည့် အရှိန်အဟုန်ဖြင့် မောင်းနှင်လို့နေ၏။

သို့သော် ကားအတွင်းဘက်၌မူ ဆူညံသံတို့ဖြင့် ကြီးစိုးနေသည်။

" ဒယ်ဒီ၊ နောက်နှစ်နှစ်လောက်ဆို ကျွန်တော်တို့အတန်းထဲက ကျောင်းသားတွေ အမျိုးအစား ကွဲပြားတဲ့အချိန် ရောက်တော့မှာလို့ အတန်းပိုင်ဆရာက ပြောလာတယ်၊ သေချာပေါက် ကျွန်တော်က အယ်လ်ဖာဖြစ်မှာမို့ အဲ့အတွက်တော့ စိတ်မပူပါဘူး၊ အဲ့ချိန်ကျ ရှေ့အတန်းက စီနီယာအိုမီဂါကို တရားဝင် လိုက်ပိုးပန်းလို့ ရသွားပြီ၊ ဒါပေမဲ့ ခုတလော ကျွန်တော် မှန်ကြည့်လိုက်မိတိုင်း အမြဲခံစားမိနေတာ … "

" ညောင် … "

" ဒယ်ဒီ၊ ချိုချဥ်စားချင်တယ် ! "

" တင်းတောင် … "

" ဒယ်ဒီ၊ ကျွန်တော် ချောတယ်လို့ ထင်လား "

" ဒယ်ဒီ၊ ချိုချဥ်၊ ချိုချဥ်၊ ချိုချဥ် စားချင်တယ်လို့ "

" တင်းတောင် … "

" ဒယ်ဒီ ဒယ်ဒီ ဒယ်ဒီ ဒယ်ဒီ ဒယ်ဒီ ! "

အသက် ဆယ့်နှစ်နှစ်အရွယ် ရွှီနန်ရီသည် သူ၏ ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်ပြီး စိတ်ပူပန်နေလေရာ အဖြေပြန်မရမချင်း တတွတ်တွတ် မေးနေသည်။

လေးနှစ်အရွယ် ရွှီကျိဖေးကမူ သူလိုချင်သည့် ချိုချဥ်ကို မရသေး၍ နားစူးစေလောက်သည့် အသံဖြင့် ထပ်ကာထပ်ကာ အော်နေ၏။

ရှအန်းနှင့် တဖန်တို့မှာ စိတ်လှုပ်ရှားနေပြီး သူတို့၏ ကြောင်လှောင်အိမ် အသီးသီးထဲမှနေ၍ အော်ဟစ်နေကြသည်။

ထိုအသံများထဲတွင် ရွှီကျားလဲ့၏ ဖုန်းကလည်း တတောင်တောင်နှင့် မြည်နေသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now