(၇၁)

5.4K 648 14
                                        

Unicode



" ဖုရှောင်ယွီ၊ မင်း ဖုန်းထဲမှာ ဘာ Beauty အက်ပ်မှ မရှိဘူးလား "

ရွှီကျားလဲ့သည် သူ့ မေးစေ့ကို ဖုရှောင်ယွီ၏ ပခုံးပေါ် မှေးတင်ထားရင်းက ဖုန်းမျက်နှာပြင်ကို စူးစိုက်ကြည့်ကာ ပုံတည်းဖြတ်သည့် အက်ပ်ကို ဒေါင်းဖို့ ကျားကုတ်ကျားခဲ ကြိုးစားနေရသည့် ဖုရှောင်ယွီကို မေးလိုက်၏။

" အင်း၊ ကျွန်တော်လည်း ပုံ သိပ်မရိုက်ဖြစ်တော့လေ "

ဖုရှောင်ယွီက ပြန်ဖြေသည်။ ပြောရင်းဆိုရင်းနှင့် Beauty အက်ပ်ကို ဒေါင်းလုဒ်ဆွဲပြီး စိတ်ဝင်တစားဖြင့် လေ့လာနေစဉ်တွင် သူ့အနား ရစ်ဝဲလာသည့် ရွှီကျားလဲ့ဆီမှ ပူရှိမ်းရနံ့ဖီရိုမုန်းကို ရုတ်တရက် ရှူရှိုက်လိုက်မိသည်။ တဆက်တည်းမှာပင် သူ့ ပခုံးဆီမှ လေးလံသွားသည့် ခံစားချက်ကိုပါ ရလိုက်သည်။

သူ တွေးမိသည်မှာ ရွှီကျားလဲ့ အလျင်လိုနေပြီဟူ၍။ ထို့ကြောင့်ပင် ပြာပြာသလဲလဲဖြင့် အလိုအလျောက် မျက်လုံးအရွယ်အစား ပြုပြင်ပေးသည့် ဖေလ်တာကို ရွေးချယ်လိုက်၏။

" ... "

ရွှီကျားလဲ့သည် ခဏမျှ ငြိမ်သက်သွားပြီး မျက်လုံးတွေကလည်း မှေးကျဥ်းလို့သွားကာ ဖုရှောင်ယွီ လက်အတွင်းမှ ဖုန်းကို ယူကြည့်လိုက်သည်။

ဘယ်လိုတောင်။

ဖေလ်တာ၏ အစွမ်းဖြင့် ရွှီကျားလဲ့၏ မျက်လုံးတွေသည် စူးရှတောက်ပကာ အသက်ဝင်လို့နေ၏။ သို့သော် ဖုရှောင်ယွီ၏ ပုံစံမှာမူ စိတ်မချမ်းမြေ့ဖွယ်ရာ အနေအထားသို့ ကျရောက်သွားရှာသည်။

သူ၏ သဘာဝအလျောက် ဝိုင်းစက်ပြီးသား မျက်လုံးတွေသည် ယခုကဲ့သို့ အစွမ်းကုန် ချဲ့ကားခံလိုက်ရသည့်အခါတွင် ပုံပျက်ပန်းပျက် ပြူးကျယ်ထွက်လာကာ မျက်နှာသွယ်ပေးသည့် အဖက်နှင့် ပေါင်းစပ်လိုက်သည့် နောက်တွင်ကား ရရှိလာသည့် အကျိုးသက်ရောက်မှုမှာ ရွှီကျားလဲ့ကို ပင့်သက်ရှိုက်မိစေသည်။

ချီး၊ ဒါက ဘယ်လိုလုပ်ပြီး Beauty အက်ပ်ဖြစ်မှာတဲ့လဲ။

" ဘယ်လိုလဲ၊ အဲ့လောက်ဆို အဆင်ပြေပြီလား "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now