Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၁၃
ညနက်ချိန်ခါဝယ် "Pudgy Cat NO. 818" တရားဝင် စတင်ရွက်လွှင့်သည်။
လှုပ်ရှားလိုက်သည့်အခါတိုင်း ပတ်လမ်းကြောင်းမှာ အနည်းငယ် ထစ်၍ နေကာ တခါတရံ တကျွီကျွီနှင့် မြည်နေလိုက်သေးသည်။
နောက်ထိုင်ခုံတွင် တပ်ထားသည့် စပီကာဆီမှ ရွှီကျားလဲ့ကိုယ်တိုင် အသံသွင်းထားသည့် စာကြောင်း နှစ်ကြောင်းကို ထပ်ခါထပ်ခါ ကြားနေရသည်။
"Pudgy Cat NO. 818 နဲ့ အတူတူ နဂါးငွေ့တန်းတွေဆီ လိုက်ခဲ့ကြပါ"
"Pudgy Cat NO. 818 နဲ့ အတူတူ ပျော်ရွှင်စွာ ပျံသန်းကြပါစို့"
စစချင်း ဖုရှောင်ယွီ ဝင်ထိုင်လိုက်ခါစတွင် သူ့ စိတ်တွေ လှုပ်ခတ်နေခဲ့၍ မျက်လုံးများပင် အနည်းငယ် နီရဲလာခဲ့ပြီးဖြစ်သည်။ သို့သော် လေး၊ ငါး၊ ခြောက်ကြိမ်၊ ခုနစ်ကြိမ်၊ ရှစ်ကြိမ်မက ထိုစာကြောင်း နှစ်ကြောင်းကိုသာ ထပ်တဲလဲ ကြားနေရသည့်အခါ စိတ်အနှောက်အယှက်လာပြီး နောက်ဆုံးတွင် အနည်းငယ် မာန်သည့်လေသံဖြင့် ဆိုလာသည်။
" ရွှီကျားလဲ့၊ အဲ့ဒါကြီးကို ပိတ်လိုက်တော့ "
" ဟမ်၊ သူ့သူ အော်နေပစေလေ၊ ဘာဖြစ်လဲ "
ရွှီကျားလဲ့က ဘာမှမဖြစ်သည့်နှယ် တမင်တကာ လှည့်ပြီး မေးလိုက်သည်။
စဥ်းစားဉာဏ်နှေးကွေးသည့် သူ တယောက်ပင်လျှင် ပိတ်ခိုင်းရသည့် အကြောင်းအရင်းကို ရိပ်မိပေလိမ့်မည်။ သို့သော် ဖုရှောင်ယွီ တုံ့ပြန်မှု မပြုနိုင်မီမှာပင် ရွှီကျားလဲ့ ဆွဲယူထုတ်လိုက်သည့် အကင်တံတွေကို မြင်ပြီး အာရုံက ထိုအရာတွေဆီ ရောက်ရှိသွား၏။
ယခုမှ အပူရှိန်ပြင်းပြင်းနှင့် လတ်လတ်ဆတ်ဆတ် ကင်ထား၍ မွှေးပျံ့သောရနံ့နှင့်အတူ အငွေ့တထောင်းထောင်း ထနေသည်။ ဂျုံမှုန့်ကို ရွှေရောင်အလွှာလေးဖြစ်အောင် ကြော်ပြီး အပေါ်မှ ငရုတ်သီးနှင့် ဇီယာဖြူးထားသည့် အကင်ပုံစံမှာ သူ့ငယ်ဘဝ မှတ်ဉာဏ်ထဲရှိ အပန်းဖြေဥယျာဉ်အပြင်ဘက်မှ အကင်နှင့် ထပ်တူညီနေသည်။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
