Unicode
အကကြမ်းပြင် တဖက်ခြမ်းတွင် ကနေကြသည့် ဟန်ကျန်းခေါ့နှင့် ဝမ်းခေါ့မှာ သူတို့ အဖြစ်အပျက်ကို သတိမထားမိ။ လူပြန်စုကြသည့်အခါမှသာ ရွှီကျားလဲ့၏ ပတ်တီးစီးထားသည့် လက်ကို မြင်ပြီး တအံ့တဩ ဝိုင်းမေးကြတော့သည်။
ဝမ်းခေါ့က
" ဘယ်လိုဖြစ်တာတုန်း၊ ကနေရင်းတန်းလန်း လက်မှာတောင် ဒဏ်ရာရ ရတယ်လို့၊ အင်္ကျီမှာပါ သွေးတွေ စွန်းနေပုံထောက်တော့ အရမ်းများ ထိသွားတာလား "
အနားတွင် ရပ်နေသည့် ဖုရှောင်ယွီမှာ အတော်လေး စိတ်လှုပ်ရှားနေ၏။ ဘာမှ ဝင်မပြောသည့်တိုင် ရွှီကျားလဲ့ မည်သို့များ ပြန်ဖြေလေမလဲဟူ၍ နားစွင့်နေသည်။
" ကရင်းပြုရင်း သတိမထားမိဘဲ ခွက်အကွဲနဲ့ သွားရှမိတာ၊ သွေးတော့ နည်းနည်းထွက်သွားတယ် "
ရွှီကျားလဲ့က အမူအရာ တစက်ကလေးမှ မပြောင်းဘဲ ရှောရှောရှူရှူပင် ပြန်ဖြေသည်။
ထိုစကားကို ကြားမှ ဖုရှောင်ယွီမှာ အသက်ရှူချောင်သွားရ၏။
ဟန်ကျန်းခေါ့သည် အနည်းငယ်မူးနေပုံရကာ ရွှီကျားလဲ့ဆီမှ မည်သို့မည်ပုံ ဒဏ်ရာရကြောင်း ပြောနေသည်ကိုကြားလိုက်ရသည်တွင် ခပ်တိုးတိုးလေး ရယ်သွမ်းသွေးနေသည်။
အရပ်အမောင်း 1.92 မီတာရှည်သည့် အယ်လ်ဖာသည် ကိုယ်ကို အသာငုံ့ကိုင်းထား၍ 1.7 မီတာကျော်သာရှည်သည့် ဝမ်းခေါ့၏ ပခုံးပေါ် မေးတင်လို့ထားသည်။ တချက်မျှ ကြည့်လိုက်ရုံနှင့်တင် လွန်စွာ အဆင်မပြေသည့် အနေအထားဖြစ်နေသည့်တိုင် ဝမ်းခေါ့က ဂရုမစိုက်ဘဲ စကားပြောနေစဉ်မှာပင် ဟန်ကျန်းခေါ့၏ မျက်နှာကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေသည်။
သူတို့အားလုံး သောက်ထားကြသည်ကြောင့် ဝမ်းခေါ့၏ အိမ်ကို တက္ကစီငှားပြီး ပြန်လာလိုက်ကြသည်။
ရောက်ပြန်တော့လည်း သောက်လို့ မဝသေးဟုဆိုကာ အသားကင်နှင့် ဘီယာ ထပ်မှာလိုက်ကြသေးသည်။ မှာထားသည်များ ရောက်လာသည့်အခါ စားသောက်ကြရင်း ကတ်ဂိမ်းတခု ကစားကြသည်။ ရှုံးသူက အပြစ်အနေနှင့် ဘီယာတခွက် သောက်ရသည်။
![](https://img.wattpad.com/cover/355973409-288-k745073.jpg)
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ