(၁၁၂)

4.2K 561 34
                                        

Unicode


ရွှီကျားလဲ့၏ ပုံစံမှာ ရေထဲက တက်လာသည့် တစ္ဆေတကောင်နှယ်။

စတိတ်ဆင်ရှိရာဆီ အပြေးအလွှားသွားနေသည့် လမ်းတလျှောက် သူ့ ကိုယ်ပေါ်မှ စီးကျလာသည့် ရေစီးကြောင်းနှင့်အတူ လူတိုင်း ထိတ်လန့်တကြားနှင့် အံ့အားသင့်ကာ ကျန်ခဲ့ကြသည်။

" ရွှီကောက အဲ့လောက်တောင်ပဲ အရှက်ကြီးတတ်တာလား "

ဟူရှားက အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့်ဆိုသည်။

" ရေလေး စိုသွားတာပဲဟာကို ဘယ်လိုဖြစ်ပြီး အသည်းအသန် ထွက်ပြေးသွားတာပါလိမ့် "

" မဟုတ်လည်း အဖော်အချွတ်ရှိုး ကြည့်ဖို့ အမြန်ပြေးသွားတာနေမှာပေါ့ "

ရှောင်ယွမ်က အရွှန်းဖောက်သည်။

" ကဲ၊ ကိုယ်တွေလည်း ရှေ့ကနေ အမြန်လေး သွားပြီး နေရာဦးသင့်တယ် "

ဖုရှောင်ယွီက ငြိမ်သက်နေဆဲ။

တကယ်တော့ ရေကူးကန်ဘောင်အစွန်းနားကနေ မတ်တပ်ထရပ်လိုက်ကတည်းက အနည်းငယ် မူးရိပ်ရိပ်ဖြစ်နေခဲ့တာပင်။ သို့သော်လည်း သူ့အနားကလူတွေနှင့်အတူ တိုးလိုက်ပြုလိုက်နှင့် စင်မြင့်ရှိရာဆီ ရောက်ရှိသွားသည်။

ရွှီကျားလဲ့ ခပ်တင်းတင်း ဆုပ်ကိုင်ခဲ့သည့် လက်ကောက်ဝတ်ဆီမှ နာကျင်မှုက ယခုထိတိုင် ခပ်ရေးရေး ရှိနေဆဲဖြစ်ကာ တင်ကျန်နေသည့် ရေစက်တွေကြောင့် အေးမြလို့နေသည်။

" ဝိုး၊ အရမ်းမိုက်၊ အရမ်းမိုက် ! "

" ဝိုး၊ ဥက္ကဋ္ဌဖု၊ ကြည့်ပါဦး ! "

သူ့ ပတ်ဝန်းကျင်က လူတွေက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်ကို ကြည့်ခြင်းအားဖြင့် စင်မြင့်ပေါ်ရှိ ဖျော်ဖြေပွဲသည် အသိအသာကိုပင် ဆွဲဆောင်မှုရှိကာ မည်မျှလွန်ကဲပြီး လူတိုင်း၏ အာရုံကို နှိုးဆွစေနိုင်ကြောင်း မှန်းဆနိုင်သည်။

သို့ကလို လူအုပ်ကြားထဲ ရောက်နေပါလျက် ဖုရှောင်ယွီ၏ အတွေးတွေက လွင့်ပျံ့လို့နေသည်။

ရုတ်တရက်ဆိုသလို သူသည် Uloft သို့ ပြန်ရောက်သွားပြီး သူနှင့် အကျွမ်းတဝင်ရှိသည့် ဝရန်တာတွင် ရပ်နေသလို ခံစားလိုက်ရသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now