(၃၃)

5.2K 679 41
                                    

Unicode




ညဉ့်နက်ပိုင်းချိန်ဖြစ်၍ ဆေးရုံတဝိုက် တိတ်ဆိတ်လို့နေပြီး ပုံမှန်အားဖြင့် ဆူညံနေလေ့ရှိတတ်သည့် ပြင်ပလူနာဌာနသည်ပင် လူနာ အနည်းငယ်မျှသာ ရှိသည်။

ရွှီကျားလဲ့က ဖုရှောင်ယွီကို အရေးပေါ်ခန်းဆီ သယ်ချလာသည်။ တာဝန်ကျ သူနာပြုဆရာမက မသပ်မရပ်အနေအထားဖြစ်နေသည့် အယ်လ်ဖာနှင့် ဖီရိုမုန်းရနံ့စူးစူးကို ထုတ်လွှတ်နေသည့် အိုမီဂါတို့ကို အတူတကွ တွေ့မြင်လိုက်သည်နှင့် သူ ဘာမှ မပြောရသေးခင်မှာပင် တန်းမေးတော့သည်။

" အိုမီဂါရဲ့ ပုံစံက အရမ်း နာနေတာကော၊ ခု Heat ဝင်နေတာမလား "

" ဟုတ်တယ်၊ ဟုတ်တယ် "

ရွှီကျားလဲ့မှာ အသက်ကို မနည်းရှိုက်ရှူနေရပြီး ခေါင်းတဆတ်ဆတ်ညိတ်ပြကာ ပြန်ဖြေလိုက်သည်။

" ဒီဘက် အမြန်လမ်းကနေ သွားလိုက်နော်၊ စာရင်းသွင်းနေစရာ မလိုဘူး "

သူနာပြုဆရာမက ကွန်ပျူတာတွင် စကားလုံးအနည်းငယ်ကို ခပ်သွက်သွက် ရိုက်နေရင်းက အနောက်ဘက် စင်္ကြံလမ်းဆီ ညွှန်ပြသည်။

ယခုလို အခြေအနေမျိုးနှင့် ညဉ့်နက်ခါမှ ရောက်လာတတ်သည့် အိုမီဂါတွေအတွက် တတ်နိုင်သမျှ အမြန်ဆုံးကုသမှု ပေးနိုင်ရန် ဆေးရုံတွင် အရန်သင့်ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းတွေ ရှိထားပြီးဖြစ်သည်။ ဆရာဝန်နှင့် သူနာပြုနှစ်ဦးစလုံးသည် ဤလူနာမျိုးကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်မှု အပြည့်ရှိကာ သွက်လက်စွာပင် လှုပ်ရှားကြသည်။

ဖုရှောင်ယွီ၏ နာကျင်မှုက တကယ့်ကို ပြင်းထန်လွန်းသည်ဖြစ်ရာ ဆရာဝန်က စစ်ဆေးမေးမြန်းစရာရှိတာ မေးမြန်းပြီးသည်နှင့် သူနာပြုကို ချက်ချင်းပင် ဆေးအသင့်ပြင်ဆင်ထားခိုင်းလိုက်သည်။

" ဒါက A အဆင့် အိုမီဂါဆိုတော့ ဆေးပမာဏကို ပိုသုံးမှ ရမယ် "

အမျိုးသမီး အယ်လ်ဖာဆရာဝန်က သူနာပြုအား ​ညွှန်ကြားပြီးသည်နှင့် လူနာကုတင်ပေါ်တွင် လှဲလျောင်းနေသည့် ဖုရှောင်ယွီကို ခေါင်းငုံ့ကြည့်ကာ  နှစ်သိမ့်ပေးသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now