(၁၁)

4.9K 677 34
                                    

Unicode


ထိုခဏတွင် ဖုရှောင်ယွီ၏ မျက်နှာအမူအရာသည် အသိအသာကိုပင် အေးခဲ၍သွားသည်။

သို့သော်ငြား ခဏမျှသာဖြစ်ပြီး အသာငုံ့ကာ ရေကို ဖြည်းဖြည်းချင်း သောက်နေရင်းက အဆုံးတွင် ခေါင်းပြန်မော့လာသည်။ ထို့နောက် လွန်စွာမှ လေးနက်သည့် လေသံဖြင့်

" သူတို့ တကယ်ကြီး အဲ့လို မေးလာတယ်ပေါ့၊ ခင်ဗျားကကော၊ ဘယ်လိုပြန်ဖြေလိုက်လဲ "

အနှီအိုမီဂါကို ကြည့်နေရင်း ရွှီကျားလဲ့ မျက်နှာပေါ်ရှိ အပြုံးမှာ ချုပ်ထိန်းထားလို့ မရနိုင်စွာပင် ပို၍ ပို၍ ထင်ရှားလာသည်။

တခါတလေလည်း ဖုရှောင်ယွီ၏ ပုံစံက ပျင်းရိငြီးငွေ့ဖွယ် ကောင်းလွန်း၍ အပြောင်အပျက် ပြောလိုက်လျှင်ပင် နားလည်နိုင်စွမ်း ရှိပါ့မလားဟူ၍ အတွေးပေါက်မိရသည်။ ဤလူသည် အခြားသူများနှင့်ကော ပေါ့ပေါ့ပါးပါး ရယ်လိုက်မောလိုက်ဖြင့် ဆက်ဆံဖူးရဲ့လား။

ရွှီကျားလဲ့သည် တမင်တကာပင် ဆိတ်ဆိတ်နေနေရင်းက ဖုရှောင်ယွီကို ပြုံးပြီး လေ့လာနေသည်။

ဖုရှောင်ယွီသည် အနှီ အကြည့်နက်နက်တွေအောက် အနေရ ခက်လာလေရာ အသက်ပြင်းပြင်း တချက်ရှိုက်ရှူလိုက်ပြီး ရုတ်ခြည်းပင် ဝမ်ရှောင်ရှန်းဘက် လှည့်ကာဆို၏။

" အပြင်မှာ သွားစောင့်နေ "

" ဟုတ် "

ဝမ်ရှောင်ရှန်းသည် ထိုင်နေရာမှ အမြန်ထကာ အပြင်ဘက် ခပ်သုတ်သုတ် ထွက်သွား၏။

" ရွှီကျားလဲ့၊ ခင်ဗျား သူငယ်ချင်းတွေကို အရမ်း စိတ်ကူးယဉ် မဆန်ကြဖို့ ပြောထားပေးပါလား "

ဝမ်ရှောင်ရှန်း ထွက်သွားသည်နှင့် ဖုရှောင်ယွီက အေးစက်နေသည့် လေသံဖြင့် ဆိုလိုက်သည်။

" ကြည့်ရသလောက် သူတို့တွေလည်းပဲ ခင်ဗျားလောက်ကို စိတ်ကူးယဥ်တတ်ကြပုံပဲ၊ ဟုတ် ? "

ရွှီကျားလဲ့က မေးသည်။

" ဖုရှောင်ယွီ၊ အဲ့ညက ဘာလို့ ငါ့ အခန်းထဲ ဝင်လာတာလဲ "

" ကျွန်တော် ... "

ဖုရှောင်ယွီသည် အမြီးကို နင်းခံထားရသည့် ကြောင်တကောင်နှယ် ခဏတာမျှ ယက်ကန်ယက်ကန်ဖြစ်နေ၏။ သို့သော်ငြား ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ကာ 

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now