(၉၂)

4.5K 641 74
                                    

Unicode

ဖုရှောင်ယွီသည် အမှန်တကယ်ကိုပင် အိပ်ပျော်ဟန်ဆောင်နေတာဖြစ်ကာ ဘာကြောင့် ထိုသို့ လုပ်မိမှန်း သူကိုယ်တိုင်ပင် နားမလည်ပါချေ။

ဤအချိန်မျိုးတွင် ရွှီကျားလဲ့နှင့် တွေ့ဖို့ စဉ်းစားမိလိုက်သည့်ခဏ သူ့ စိတ်တွေ ရှုပ်ထွေးလို့သွားကာ မသိစိတ်ထဲမှနေ၍ ထိုအခြေအနေအား ရှောင်ရှားဖို့ရာကို အလိုလို ရွေးချယ်လိုက်မိသည်။

လေထုက အေးခဲသွားသည့်နှယ်။

ဖုရှောင်ယွီသည် သူ့ ကျောကို စိုက်ကြည့်နေသည့် ရွှီကျားလဲ့၏ အကြည့်နှင့် နွေးထွေးမှုကိုပင် ခံစားမိနိုင်သည်။

ထိုသူက အရမ်းတိတ်ဆိတ်နေလွန်း၍ ဖုရှောင်ယွီမှာ စိုးရိမ်တကြီးဖြစ်လို့လာသည်။ သူ၏ မျက်လုံးများကို မှေးမှိတ်ထား၍ အမှောင်ထဲတွင် အချိန်အကြာကြီးနေနေရသလို ထင်မိရပြီး တစက္ကန့်လေးကပင် အဆုံးမရှိနိုင်တော့သလို။

" ဖု … "

နောက်ဆုံးတွင် ရွှီကျားလဲ့ဆီမှ အသံထွက်လာသည်။ လေသံမှာ တကယ်ကိုပင် တိုးလျနူးညံ့သော်ငြား စကားတလုံးချင်းစီတိုင်းကို ခက်ခက်ခဲခဲ ပြောနေရပုံပင်။

" ရှောင်ယွီ၊ အိပ်နေတာလား "

သူ ထုတ်မေးလိုက်သည်။

သို့သော်လည်း သူ့ မေးခွန်းကိုယ်၌ကပင် အမြီးအမောက်မတည့်ဖြစ်နေ၏။ သူ တကယ် အိပ်ပျော်နေသည်ဟု ထင်လျှင် ထိုမေးခွန်းကို မေးနေစရာ မလိုပါချေ။

ရွှီကျားလဲ့က သူ အိပ်ချင်ယောင် ဆောင်တာကို သိနေသည်။

" ရွှီကော၊ မစ္စတာဖုက ... "

ဝမ်ရှောင်ရှန်းသည် ဖုရှောင်ယွီ အရှေ့ဝယ် "မစ္စတာရွှီ" ဟူသည့် စိမ်းသက်သက် အခေါ်အဝေါ်ကို ပြောင်းလိုက်ဖို့ရာပင် မေ့သွားဟန်တူ၏။

တပြိုင်နက်တည်းမှာပင် ဖုရှောင်ယွီက မျက်လုံးတွေကို ဖွင့်လိုက်သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသည့် ဝမ်ရှောင်ရှန်းမှာ ရွှီကျားလဲ့၏ မေးမြန်းမှုအား တားမြစ်လိုက်ရမည်လော၊ ခွင့်ပြုရမည်လောဟူ၍ ဝေခွဲမရဖြစ်သွားသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now