အချပ်ပို (၂၅)

2.9K 338 12
                                        

Unicode

ကိုယ်ဝန်ဆောင်ခြင်း - ၂၀

" ... "

ဗရုတ်ဗရက်နိုင်လှသည့် အယ်လ်ဖာ ရွှီကျားလဲ့သည်ကား အဓိပ္ပာယ်မရှိ လျှောက်ပြောနေပြန်ချေပြီ။

ဖုရှောင်ယွီသည် စိတ်ထဲမှနေ၍ မဲ့ရွဲ့ကာ ​ရေရွတ်မိပါသော်ငြား ထိုအဓိပ္ပာယ်မရှိသည့် စကားကြောင့်ပင် သဘောခွေ့နေရပြန်၏။ သူသည် ညအိပ်ဝတ်စုံကို ယခုထိတိုင် ကြယ်သီးပြန်မတပ်ရသေးရာ ရင်ဘတ်ဟပြဲမှတဆင့် နီရဲပြီး စူစူလေးဖြစ်နေသည့် နို့သီးခေါင်းတွေကို တွေ့မြင်နေရသည်။

ရွှီကျိဖေး မွေးပြီးကတည်းက အမြဲလိုလို သပ်သပ်ရပ်ရပ်နှင့် အလှပျက်မခံတတ်သည့် ဖုရှောင်ယွီသည် မကြာခဏဆိုသလို ကလေး နို့တိုက်ပြီးတိုင်း ကပိုကရိုနှင့် မသေမသပ်ပုံလေး ပေါက်နေတတ်၏။

အနှီမြင်ကွင်းမှာ အထူးပင် မျက်စိပသာဒဖြစ်လွန်းသည်။

ထိုအတွေးနှင့်အတူ ရွှီကျားလဲ့သည် ရုတ်တရက်ပင် ခုတင်ပေါ်သို့ ဆွေ့ခနဲ ခုန်တက်လိုက်ကာ ဖုရှောင်ယွီ ညင်သာစွာ ဖိထားလိုက်သည်။ သူသည် ဖုရှောင်ယွီ၏ နှုတ်ခမ်းကို မြတ်နိုးစွာ မနမ်းရှိုက်မီ ပါးပြင်ကို အချိန်အတော်ကြာ နှာခေါင်းဖြင့် အရင် ပွတ်သပ်လိုက်သည်။

" ကိုယ့် ဘေဘီ အိုမီဂါလေး "

စကားအသုံးမှာ တကယ့်ကို အပေါစားဆန်နေမှန်း သူသိသည်။ ပုံမှန်ဆိုလျှင် သူ သတိထားပြီး ​အသုံးပြုသော်လည်း ယခုအချိန်တွင်တော့ မတတ်နိုင်တော့။

" နာနေသေးလား "

ဖုရှောင်ယွီမှာ နာကျင်မှုကို မေ့မေ့ပျောက်ပျောက်ရှိသွားပြီဖြစ်ပါသော်ငြား ရွှီကျားလဲ့က သူ့ နားရွက်ကို ညင်သာစွာ နမ်းလိုက်ပြီး လေသံနူးနူးညံ့ညံ့လေးနှင့် မေးလိုက်သည့်အခါ မတိုင်မီက မကျေမနပ်ဖြစ်စိတ်တို့သည် ပြန်လည်ထွက်ပေါ်လာတော့၏။

အင်း၊ နာတယ်။

သူသည် ရွှီကျားလဲ့၏ နားနားလေးကပ်ကာ တိုးတိတ်ပါသည့် ညည်းသံလေးဖြင့် ဖြေလိုက်သည်။

" အွန်း "

ရွှီကျားလဲ့၊ နို့တိုက်ရတာ နာတယ်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now