(၉၀)

2.9K 460 35
                                    

Unicode

အလုပ်ကိစ္စ ဆွေးနွေးနေကြဖို့ဆိုသော်လည်း ဝမ်ဟွိုင်ရွှမ်း ကြိုတင်မှာယူထားသည့် နေရာမှာ စီးပွားရေးစကားပြောဆိုကြမည့် နေရာနှင့် သိပ်မတူလှ။

ဆိုင်နေရာသည် ဇိမ်ခံဟိုတယ်တခု၏ အပေါ်ဆုံးထပ်တွင်ဖြစ်ကာ ဂျပန်စတိုင် သီးသန့်အခန်းတွေပါရှိပြီး ပြတင်းပေါက်နံဘေး ထိုင်ခုံနေရာမှ ကြည့်လိုက်လျှင် B မြို့တမြို့လုံး၏ ညမြင်ကွင်းကို တွေ့နိုင်သည်။ ဖုရှောင်ယွီ မည်သည့် စကားမှ မစရသေးခင်မှာပင် ဝမ်ဟွိုင်ရွှမ်း​က ဦးစွာပြောလာသည်။

" စီးပွားရေးကိစ္စ ဆွေးနွေးကြမှာဆိုတော့ သီးသန့်ခန်းက ပိုအဆင်ပြေလို့လေ "

" အိုကေ "

ဖုရှောင်ယွီက ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းငုံ့ပြီး မီနူးကို လှန်လှောကြည့်လိုက်သည်။ အဆုံးတွင် သူသည် ရိုးရိုးရှင်းရှင်းပင် ဆာရှိမိ တမျိုးတည်းကိုသာ မှာလိုက်သည်။

တဖက်တွင် ထိုင်နေသည့် ဝမ်ဟွိုင်ရွှမ်းမှာ စိတ်လှုပ်ရှားနေသော်လည်း တိတ်တဆိတ်သာ ထိုင်နေလိုက်သည်။ အိုမီဂါက မီနူးကို ရွေးပြီးသွားခါမှ ပေါ့ပေါ့ပါးပါး အမူအရာဖြင့် အကြံပြုလိုက်သည်။

" B မြို့မှာ ဒီဆိုင်က Wagyu ဆူကီယာကီက အကောင်းဆုံးပဲ၊ မစ္စတာဖု စမ်းကြည့်သင့်တယ် "

ဖုရှောင်ယွီသည် သူ့ လက်ကို ရေနွေးပဝါဖြင့် သုတ်နေရာမှ ဝမ်ဟွိုင်ရွှမ်း၏ စကားကို ကြားလိုက်ရသည့်အခါ မော့ကြည့်လာပြီး

" ဒါဆို ကျေးဇူးပြုပြီ မစ္စတာဝမ်ကပဲ နောက်ထပ် အကြံပြုချက်လေး ပေးပေးပါဦး၊ ကျွန်တော် ဒီဆိုင်အကြောင်း သိပ်မသိတော့လေ "

" ဒီလိုဆို .. "

ဝမ်ဟွိုင်ရွှမ်း၏ အပြုံးမှာ ရေးရေးမျှသာဖြစ်သော်ငြား တကယ့်ကိုပင် နှစ်လိုဖွယ်ရှိသည်။ သူက ခေါင်းငုံ့ကာ မီနူးကို ဆက်ရွေးချယ်လိုက်ပြီး အရသာအကောင်းဆုံးဟု ထင်ရသည့် ဟင်းလျာအနည်းငယ်ကို ထပ်ထည့်လိုက်သည်။ ထို့နောက် ဖုရှောင်ယွီကို မေးလာသည်။

" အိုး၊ ဒါနဲ့ မစ္စတာဖု၊ ဝီစကီနည်းနည်း သောက်မယ်ဆို အဆင်ပြေမလား၊ ဒါမှမဟုတ် Yamazaki တပုလင်းလောက် မှာလိုက်ရမလား "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now