(၃၇)

4K 574 31
                                    

Unicode







တနင်္လာနေ့ဟူသည်ကား ဝန်ထမ်းများအတွက် ရက်သတ္တပတ်၏ ခြောက်ကပ်ကပ်နှင့် ပျင်းရိငြီးငွေ့ဖွယ်ရာ အကောင်းဆုံးနေ့တနေ့ဖြစ်တော့သည်။

သို့သော်လည်း 'အလုပ် လုပ်ကြသူများတွင် အချစ် မရှိ' အဖွဲ့လိုက် စကားပြောခန်းထဲတွင်မူ နံနက်စောစောကတည်းကပင် မက်ဆေ့ချ်တွေ မဆုံးတမ်း ပလူပျံလို့နေ၏။

ရှောင်ယွမ် : ရဲဘော်တို့၊ သတင်းကောင်းနဲ့ သတင်းဆိုး ရှိတယ်၊ ဘယ်ဟာ အရင်နားထောင်ချင်လဲ။

လီကျင့်ကျင့် : ခုမှ မနက်အစောကြီး ရှိသေးတယ်ဆိုတော့ သတင်းကောင်းပဲ အရင်နားထောင်လိုက်မယ်။

ရှောင်ယွမ် : ကောင်းပါပြီ၊ အားလုံးပဲ ဂရုတစိုက် နားထောင်ပေးကြပါ၊ ဒီနေ့ကနေ စတင်ပြီးတော့ မစ္စတာဖု တရားဝင် ရုံးပြန်တက်ပါပြီ၊ ဒီနေ့ မနက် ကျွန်တော် ရုံးအစောရောက်တဲ့အချိန် ဝန်ထမ်းရေးရာကနေပြီး ကျွန်တော်တို့ ရုံးခန်းထဲမှာပဲ မစ္စတာဖုအတွက် ရုံးခန်းတခု လာပြင်ပေးတာ တွေ့လိုက်ရတယ်၊ ဆိုင်းဘုတ်လည်း ချိတ်ထားပြီးပြီ၊ အထဲမှာ ဝမ်ရှောင်ရှန်း စာရွက်စာတမ်းတွေ ပြင်နေတာကိုလည်း တွေ့ခဲ့တယ်။

လီကျင့်ကျင့် : အဲ့တာက သတင်းကောင်းလားဟယ်။

ဟူရှား : တကယ်ကြီး ! ヾ(ノ゜▽゜)ノ

သူတို့နှစ်ဦး၏ မက်ဆေ့ချ်က တပြိုင်တည်း ရောက်လာတာဖြစ်ပြီး  ချက်ချင်းဆိုသလို ကွဲပြားခြားနားမှုကို ဖြစ်ပေါ်သွားစေသည်။

ရှောင်ယွမ် : အားလုံးပဲ အားတင်းထားကြပါနော်၊ သတင်းဆိုးကတော့ ဒီနေ့ နေ့လည်အပြီး တိုးတက်မှုအစီရင်ခံစာ တင်ကြရပါမယ်၊ မစ္စတာဖု ရောက်လာတာနဲ့ တယောက်ချင်းစီရဲ့ အစီရင်ခံစာတွေကို ကြည့်မယ် ပြောပါတယ်။

လီကျင့်ကျင့် : =o= ဟူရှား၊ မင်းက ရယ်နေနိုင်သေးတယ်နော်။

ဟူရှား : ...

လက်အောက်ငယ်သားတွေအကြား မည်သို့ပင်ရှိနေစေကာမူ နေ့လည်ပိုင်းတွင် ဖုရှောင်ယွီသည် Gemini တာဝါသို့ ရောက်ရှိလာပြီဖြစ်ပါ၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now