Unicode
သီတင်းပတ်အကုန်တွင် ဖုရှောင်ယွီသည် B မြို့တော်သို့ စောစီးစွာပင် ရောက်ရှိသည်။ သို့သော်လည်း ရွှီကျားလဲ့က သူ့ထက် ပိုပြီး ရှေ့က ရောက်နှင့်နေသည်။ အယ်လ်ဖာသည် စင်မြင့်နောက်တွင် ရပ်နေပြီး ပြင်ဆင်စရာရှိသည်များကို ခေါင်းငုံ့၍ ပြင်ဆင်နေသည်။ ခေါင်းအမော့တွင် ဖုရှောင်ယွီကို တွေ့လိုက်ရသည့်ခဏ အနည်းငယ် အံ့သြသွားပုံရပြီး ခဏမျှစိုက်ကြည့်လာကာ ခေါင်းတချက်ညိတ်ပြ၍ နှုတ်ဆက်သည်။ ထို့နောက် ခေါင်းပြန်ငုံ့သွားပြီး ကွန်ပျူတာပေါ်ရှိ တင်ပြချက် အကြောင်းအရာတွေကို ဆက်လက်ချိန်ညှိနေသည်။
ဖုရှောင်ယွီမှာ အနည်းငယ်စိတ်ပျက်သွားသလို ခံစားလိုက်ရသော်လည်း ချက်ချင်းဆိုသလိုပင် ဂရုမစိုက်ဟန်ဆောင်ကာ တမင်တကာပင် ခေါင်းငုံ့ပြီး ဖုန်းသုံးနေလိုက်သည်။
ဖုန်းသုံးနေစဉ်အတွင်းမှာပင် B ခန်းမသည် တဖြည်းဖြည်း အသက်ဝင် လှုပ်ရှားလို့လာသည်။ Valentine's Day နီးကပ်လာသောကြောင့်ထင့်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် ကြင်ဖက်တွေ့ဆုံသကဲ့သို့ ပရိုမိုးရှင်းပွဲမျိုးကို အလွန်စိတ်ဝင်စားလျက်ရှိကြပြီး အားလုံးမှာ အဖွဲ့လိုက်ဖြစ်နေကြသည်။
ဖုရှောင်ယွီသည် တချက်မျှ လှည့်ကြည့်ကာ လူအရေအတွက်ကို ပျမ်းမျှခန့်မှန်းလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်သည်။
အဓိက မိန့်ခွန်းပြောကြားမည့်သူ ဝမ်းခေါ့ရောက်ရှိလာချိန်တွင် ခန်းမကြီးတခုလုံး ပြည့်လုဖြစ်သွားသည်။ ယခုမှ အခြေတည်မည့် ပရိုမိုးရှင်းလယ်ဗယ်အတွက်ဆိုပါလျှင် ဤပမာဏမှာ သာမန်ဟု တွက်ဆ၍မရပေ။
သတ်မှတ်ထားသည့် အချိန်ရောက်သည်နှင့် တင်ပြချက်ကို စတင်လိုက်သည်။
ယနေ့တွင် ဝမ်းခေါ့သည် ဟာသဉာဏ်ရွှင်နေပုံရသည်။ သူသည် စကားဝိုင်းကို တက်ရောက်သူ အယောက်နှစ်ထောင်ကျော်မျှရှိသွားသည့် အကြောင်းအရာနှင့် စတင်လိုက်သည်။ ဤမျှ တက်ရောက်သည့် ပမာဏများသည်ကို ကြည့်ခြင်းအားဖြင့် တက္ကသိုလ်၏ သင်ရိုးညွှန်းတန်းတွင် ကိစ္စတခုခုတော့ ရှိနေလောက်မည်ဖြစ်ပြီ ထို့ကြောင့်ပင် စင်ဂယ်လ်အရေအတွက်များပြားနေတာဖြစ်နိုင်ကြောင်း အရွှန်းဖောက်လိုက်သည်။ ထို့နောက် တက်ရောက်လာသူများ၏ ရယ်မောသံတွေအကြား သဘာဝကျစွာနှင့် Last Love နှင့် ပတ်သက်သည်တို့ကို စတင်၍ တင်ပြတော့သည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ