Unicode
ထိုခဏတွင် အိုမီဂါသည် Heat ဝင်တော့မည့် သူနှယ် ချစ်ခင်မြတ်နိုးစွာဖြင့် နမ်းနေရာမှသည် သတိမပေး ဘာမပေးနှင့် ကိုက်ခဲခြင်းသို့ ပြောင်းလဲသွားလေပြီး ရွှီကျားလဲ့၏ နှုတ်ခမ်းကို နှစ်ကြိမ်မျှ စုပ်ထွေးလိုက်ကာ သွားတွေနှင့် ပြင်းပြင်းထန်ထန် ကိုက်ခဲပြန်သည်။
နှစ်ဦးသား နမ်းရှိုက်နေကြစဥ် ရွှီကျားလဲ့၏ လက်မောင်းကြွက်သားများသည် အလိုအလျောက်ပင် တင်းမာလာကြ၏။
ဖုရှောင်ယွီ၏ အနမ်းများက နူးညံ့ညင်သာမှုနှင့် ပို၍ ဝေးကွာလို့လာပြီး သူ၏ သွားချွန်ချွန်များကို သုံးကာ လူကို ကိုက်ခဲသည်။
အကိုက်ခံရ၍ ရရှိလာသည့် နာကျင်မှုက တင်းကျပ် ပူနွေးနေသည့် အိုမီဂါ၏ ခန္ဓာကိုယ်အတွင်း သူ့ အောက်ပိုင်းကို မြှုပ်ထားရခြင်းအား နှောင့်နှေးပစ်လိုစိတ် မဖြစ်ပေါ်စေပါပေ။ မသဲမကွဲ ညည်းသံကို ပြုမိသည်မှအပ သူသည် ဖုရှောင်ယွီ၏ ခြေထောက်တွေကို ဖွင့်ကားထားပြီး တခါထက်တခါ အတွင်းဘက်ဆီ နက်သထက် နက်သည်အထိ တိုးဝင်နေမိ၏။
မျှော်လင့်ထားသည့်အတိုင်း သို့ကလို ထိုးဖောက်ဝင်ရောက်မှုကြောင့် ကိုက်ခဲရာတွေက တိုးလို့လာပြန်သည်။
သူ့ နှုတ်ခမ်းထက်ဝယ် သွေးစက်တချို့ ရှိနေသော်ငြား ရွှီကျားလဲ့က ဒေါသထွက်ဟန်မတူ။ ထိုအစား သူက ခေါင်းကို ငုံ့လိုက်ပြီး ဖုရှောင်ယွီ၏ နားရွက်ဖျားကို ပြင်းပြသည့် အနမ်းတွေဖြင့် တုံ့ပြန်လိုက်၏။
" သတ္တိရှိရင် ထပ်ကိုက်ကြည့် .. "
ရွှီကျားလဲ့က လေသံတိုးတိုးဖြင့် ခြိမ်းခြောက်သည်။
သို့သော် သူ့ စကားမဆုံးမီမှာ ရွှီကျားလဲ့သည် တစုံတခု မှားယွင်းနေကြောင်း လျင်မြန်စွာ သတိပြုမိလို့သွားသည်။ သူသည် လက်နှစ်ဖက်ကို ထောက်ထားလိုက်ပြီး ဖုရှောင်ယွီကို ငုံ့ကြည့်လိုက်၏။
အိုမီဂါသည် သူ့ကို ကိုက်ခဲခြင်းမပြုတော့ဘဲ ထိုအတိုင်း စူးစူးနှစ်နှစ် စိုက်ကြည့်နေလျက်။
သူ့ကို စိုက်ကြည့်နေသည့် ဖုရှောင်ယွီ၏ ကြောင်မျက်လုံးတွေက ဝိုင်းစက်တောက်ပနေကြပြီး တချက်ကြည့်လိုက်ရုံမျှဖြင့် "ကိုက်တော့ ဘာဖြစ်လဲ" ဟူ၍ ပြောနေမှန်း နားလည်စေနိုင်သည်။ ထို့အပြင် ရန်လိုဟန်က စွက်နေလိုက်သေး၏။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ