(၂၃)

6.7K 658 45
                                    

Unicode


ထိုမနက် အိပ်ရာမှ နိုးလာပြီးနောက် ရွှီကျားလဲ့က စောင်မခေါက်ထားခဲ့မိ။ ဖုရှောင်ယွီသည် အယ်လ်ဖာ၏ ခုတင်ပေါ်တွင် လှဲကာ စောင့်ဆိုင်းနေတုန်း  မခေါက်ထားရသေးသည့် စောင်ပုံထဲ ဝင်နေကာ သူ့တကိုယ်လုံးကို လွှမ်းခြုံထားလိုက်သည်။ အနည်းငယ်မျှသာ စွဲကျန်ရစ်လောက်တော့မည်ဖြစ်သည့် အေးမြမြ ပူရှိမ်းရနံ့ကပင်လျှင် သူ့ ခန္ဓာကိုယ်တွင်းရှိ ပြင်းပြနေသည့် ဝေဒနာကို အနည်းငယ် သက်သာစေနိုင်ပုံရသည်။

သို့သော်လည်း ရွှီကျားလဲ့ ခုထိ ပြန်ရောက်မလာသေး။ သူသည် စောင့်ဆိုင်းနေရသည်ကို တဖြည်းဖြည်းနှင့် စိတ်မရှည်ချင်တော့ဘဲ ခေါင်းကို အပြင်သို့ ထုတ်ပြီး ကြည့်လိုက်၏။ ထိုအခါမှ ဘယ်ချိန်ကတည်းက ပြန်ဝင်လာသည် မသိသည့် အယ်လ်ဖာသည် ခုတင်အစွန်းတွင် ထိုင်ကာ တစုံတရာကို အတွေးလွန်နေသည့် အမူအရာဖြင့် သူ့ကို ငေးစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။

ဖုရှောင်ယွီ ထိုသို့ ရုတ်တရက်ကြီး ကြည့်လာမည် ထင်မထား၍ ဖြစ်မည်။ ရွှီကျားလဲ့သည် သူ့ ကိုယ်ပိုင်ကမ္ဘာထဲတွင်သာ နှစ်မြုပ်နေသေးပြီး အိုမီဂါ၏  မျက်နှာကိုသာ အကြည့်မလွဲစတမ်း ငေးစိုက်ကြည့်နေဆဲ။

သို့သော်လည်း အနှီဗလာသက်သက် အကြည့်တွေက ခဏလေးမျှသာ ကြာသည်။

ထို့နောက် ရွှီကျားလဲ့က သူ့ လက်ကို ဆန့်ထုတ်လိုက်ပြီး ဖုရှောင်ယွီ၏ ပါးပြင်ကို ညင်သာစွာ ထိကိုင်လိုက်ကာ

" ဒါ မင်းရဲ့ ပထမဆုံးအကြိမ်မလား "

လေသံအေးအေးဖြင့် မေးနေပါလျက် မေးခွန်းက လွန်စွာမှ တဲ့တိုးဆန်ကာ လှီးလွှဲဖြေချင်လို့တောင် မရချေ။

ဖုရှောင်ယွီ၏ နှုတ်ခမ်းတွေသည် ပွင့်အာလာပြီး ချက်ချင်းဆိုသလို ပျာယာခတ်သွားကာ ပြန်ဖြေလိုက်သည်။

" ဟုတ် "

ရွှီကျားလဲ့၏ လက်တွေပင် အနည်းငယ် အေးစက်လို့သွားသည်။ ဆက်မပြောသေးခင် ခေတ္တမျှ စကားကို ရပ်ထားပြီးမှ

" ဖုရှောင်ယွီ၊ ဒီည ဘာပဲဖြစ်လာဖြစ်လာ၊ အဲ့တာက စီစဥ်ထားတဲ့အတိုင်း ဖြစ်လာတာ မဟုတ်မှန်း ကိုယ်တို့နှစ်ယောက်စလုံး သိထားကြပြီးသား၊ ဒါပေမဲ့ မင်းရဲ့ နာကျင်မှုကို သက်သာလျော့ပါးသွားအောင် ကိုယ် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်၊ ဒါပြီးသွားရင်တော့ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ငါတို့ရဲ့ ဆက်ဆံရေးက အရင်အတိုင်းပဲ အပြောင်းအလဲမရှိဘူး၊ မင်းလည်း ဒါကို ရှင်းရှင်းလင်းလင်း တွေးထားပြီးရဲ့မလား "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now