Unicode
ရွှီကျားလဲ့ ခံလိုက်ရသည့် ရိုက်ချက်က အတော်လေးကို ပြင်းထန်သည်။
အပြန်လမ်း တလျှောက်လုံး ရေခဲပတ် အုံလာပါသည့်တိုင် အိမ်ပြန်ရောက်တော့ နဖူးက ရောင်ကိုင်းနေပြီး သူ့ ခေါင်းတခုလုံးပင် ထိုးကိုက်လို့လာ၏။ သို့နှင့် ရေအမြန်ချိုးပြီး အားအင်နည်းပါးစွာဖြင့် အိပ်ရာပေါ် ဝင်ခွေနေလိုက်သည်။
ဖုရှောင်ယွီသည် ဦးစွာ ဖုန်းနှစ်ကောလ်ကို လက်ခံဖြေကြားပြီးမှ ကိုယ်လက်သန့်စင်စရာရှိတာ ဆက်လုပ်သည်။ ထို့နောက် သူ့ ဘေးတွင် ဝင်လှဲလိုက်ကာ နူးညံ့စွာဖြင့် မေးသည်။
" အရမ်း နာနေသေးလား "
" နာတယ် "
ရွှီကျားလဲ့သည် မျက်လုံးများကို မှေးမှိတ်ထားဆဲ။ သို့သော်လည်း ရေခဲထုပ် တင်ထားရင်း ညာဘက်သို့ တချက်မျှ လှိမ့်လိုက်သည်နှင့် ဖုရှောင်ယွီ၏ ရင်ခွင်အတွင်းသို့ ကွက်တိပင် ရောက်ရှိသွားသည်။
" ထိသွားတဲ့ နေရာက အရမ်းရောင်နေတာရော်၊ ခုည စောင့်ကြည့်ပြီး မသက်သာဘူးဆိုရင် နက်ဖြန် ဆရာဝန် သွားပြကြမယ် "
ဖုရှောင်ယွီက ပြုံး၍ ဆိုသည်။ သူသည် ရွှီကျားလဲ့၏ ဆံပင်ထဲ လက်ချောင်းများဖြင့် ညင်သာစွာ ထိုးဖွလိုက်ပြီး အနည်းငယ် ချီတုံချတုံ ဖြစ်နေဟန်ဖြင့်
" ရွှီကျားလဲ့ ... "
ခေါ်ပြီးခါမှ ဆက်မပြောတော့ဘဲ ရပ်နေသည်။ ယခုအနေအထားအရ ထိုကိစ္စကို ဆွေးနွေးရန် အချိန်ကောင်းမဟုတ်သေးကြောင်း တွေးမိသည်။ သို့သော်ငြား နောက်ဆုံးတွင် သူ၏ ခေါင်းမာတတ်သည့် ဉာဥ်က တိုးထွက်လာလေပြီး လေသံတိုးတိုးဖြင့် မေးလိုက်မိတော့သည်။
" သူ့ကို ပြောပြမှာလာ၊ ကျွန်တော် ပြောချင်တာ နန်ရီကို "
ရွှီကျားလဲ့သည် ခေတ္တမျှ တိတ်ဆိတ်သွား၏။ ဖုရှောင်ယွီက သူ့အမေးအတွက် အဖြေ ပြန်မရနိုင်လောက်ဟု တွေးလိုက်ချိန်မှာပင် သူက ပြန်ဖြေလာသည်။
" မသိသေးဘူး၊ ကိုယ် စဉ်းစားပါရစေဦး၊ ရှောင်ယွီ ... ကိုယ် စဉ်းစားကြည့်ပါရစေ "

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ