(၁၀၉)

4.1K 570 21
                                        

Unicode



ရွှီကျားလဲ့ ဝင်ထိုင်လိုက်သည့်အချိန် ဖုရှောင်ယွီသည် အလိုလိုပင် အသက်ကို ခပ်ဖော့ဖော့ရှူရှိုက်လိုက်မိသည်။ အယ်လ်ဖာ ကိုယ်ပေါ်ရှိ သင်းပျံ့ပျံ့ ပူရှိမ်းရနံ့ဖီရိုမုန်းသည် ပူစီနံပင်ကို ရိတ်ဖြတ်လိုက်ပြီးနောက် ထွက်လာသည့် အေးမြမြရနံ့နှင့် ရောစပ်နေသည့်နှယ်။

အညောင်းဆန့်လိုက်သည့်ခဏ သူ့ ခြေကျင်းဝတ်က ရွှီကျားလဲ့၏ ခြေထောက်ကို သွားထိမိသည်။ ထိတွေ့တွေ့မိခြင်းမှာပင် သိလိုက်သော်လည်း သူ့ ခြေထောက်ကို ချက်ချင်း နောက်ပြန်ဆုတ်လိုက်လျှင် တမင်သက်သက် သွားထိသည်ဟုလည်း ထင်မှာစိုးမိသည်။ သို့နှင့် ဖုရှောင်ယွီက ဘာမှ မဖြစ်သည့်အလား သူ့ ခြေထောက်ကို ခုံအောက်တွင် ဆက်ပြီ ဆန့်ထုတ်ထားလိုက်၏။

စားပွဲခုံအောက်တွင် သူ့ ခြေထောက်တွေသည် ​ရွှီကျားလဲ့၏ နယ်မြေတစိတ်တပိုင်းကို မသိမသာ သိမ်းပိုက်ထားသော်လည်း ထိုသူမှလွဲ၍ မည်သူမျှ မသိလိုက်ချေ။

ဤသည်မှာ ထူးဆန်းသည့် ခံစားချက်ပင်။

သူသည် ဂိမ်းကစားနေရင်းက စိတ်တွေ ပျံ့လွင့်လို့နေပြီး ရွှီကျားလဲ့ ခြေထောက်အနားတွင် ရှိနေသည့် သူ့ ခြေထောက်ဆီကိုသာ အာရုံရောက်နေ၏။

ရွှီကျားလဲ့သည် စားပွဲအောက်၌ ဖြစ်ပျက်နေသည်များကို တခွန်းမှ အသံမထွက်ဘဲ ကတ်ကစားခြင်း၌သာ ဈန်ဝင်နေပုံရသည်။

အကြိမ်အနည်းငယ်မျှ ကစားပြီးနောက်တွင် ဖုရှောင်ယွီသည် တခုခုမှားနေသလို ခံစားလိုက်ရ၏။ သူသည် တပွဲပြီး တပွဲ ရှုံးနေပြီး အတော်ကလေးကိုပင် သနားစရာ ကောင်းလောက်အောင် ရှုံးပွဲဆက်နေသည်။

သို့တိုင်အောင် အနိုင်၊ အရှုံးကို ကွဲကွဲပြားပြား မေးခွန်းထုတ်ဖို့ကလည်း မဟုတ်သေး။ ရွှီကျားလဲ့သည်လည်း ဝမ်ရှောင်ရှန်းကဲ့သို့ပင် အမြဲတမ်း အနိုင်ရနေသည်ဖြစ်၍ စစချင်းတွင် အရာအားလုံး ပုံမှန်လိုပင် ထင်ရသည်။

ကစားနေရင်းနှင့် ဖုရှောင်ယွီသည် ကစားကွက်ပုံစံကို နားလည်လာ၏။ ရွှီကျားလဲ့သည် အနိုင်ရရှိဖို့ တခုတည်းကို အာရုံစိုက်ပြီး ဆော့နေသည်မဟုတ်။ တခါတရံ ရှုံးသည့် အခေါက်လည်း ရှိသည်။ သို့သော် အစမှအဆုံးအထိ အနှီအယ်လ်ဖာ အသေအချာ လုပ်ဆောင်နေသည့်အရာမှာ တခုတည်းသာ။ သူသည် ဝမ်ဟွိုင်ရွှမ်းကို ဖုရှောင်ယွီ၏ မျက်နှာပေါ် စတစ်ကာ ကပ်ဖို့ လုံးဝ အခွင့်အရေးမပေးချေ။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now