(၁၂၆)

4.4K 480 15
                                        

Unicode





" ရွှီကျားလဲ့ ... "

သူ အိပ်ချင်မူးတူးဖြင့် နိုးလာသည့်အချိန်တွင် ညနေစောင်းပင် ရောက်ခဲ့ပြီ။

မျက်လုံးမပွင့်တပွင့်နှင့် သူ့ လက်ကို အလိုလိုဆန့်ထုတ်လိုက်ကာ ဘာကိုမှ မစမ်းမိသေးခင်မှာပင် သူ့ နှာခေါင်းက တရှုံ့ရှုံ့ဖြစ်လာသည်။

သူနှင့် လုံးလုံး မရင်းနှီးသည့် ရနံ့တမျိုးက သူ့ နှာခေါင်းထဲ ရောက်ရှိလို့လာလေပြီး အနှီရနံ့မှာ ပူရှိမ်း၏ အေးမြမြရနံ့နှင့် ရောထွေးနေကာ ချိုမြလွန်းလှသည်။ အေးမြမွှေးပျံ့ပါသည့် ရနံ့လေးသည် အမွှေးပွပွဖြင့် သူ့ နှလုံးသားကို အဆက်မပြတ် လာပြီးပွတ်တိုက်နေသည့်နှယ် သူ့ကို စွဲဆောင်လို့နေ၏။

သူသည် တိရိစ္ဆာန်လေးတကောင်လိုပင် သူ့ အနံ့ခံအာရုံနောက် တကောက်ကောက် လိုက်လေရာ သူ့ မျက်နှာသည် ရင်းနှီးပြီးဖြစ်သည့် ပခုံးစွန်းတနေရာတွင် မြှုပ်ထားလျက်ဖြစ်သွားရသည်။

" အမ်း … "

အယ်လ်ဖာမှာ သူ့ ပခုံးစွန်းကို လာအတိုက်ခံရ၍ အသံထွက်လာသော်လည်း မျက်လုံးများကို မှေးမှိတ်ထားဆဲပင်။ ပင်ပန်းလွန်း၍ တရေးတမော အိပ်ပြီးသွားတာတောင် ဆက်အိပ်ချင်နေသေးသည်။

တမြန်နေ့ညကတည်းက မအိပ်ခဲ့ရသည့်အပြင် မနက်ခင်း မင်္ဂလာပွဲတက်၊ ဧည့်သည်တွေကို လိုက်ဧည့်ခံ၊ အိပ်ရာပေါ် ရောက်တော့လည်း မရပ်မနား အလုပ်လုပ်ခဲ့ရသည်။ ထိုနောက်တွင်လည်း မနားရသေးဘဲ ဖုရှောင်ယွီ၏ အိပ်ရာခင်းနှင့် စောင်တွေကို ကျောပိုးအိတ်ထဲ တိတ်တဆိတ် ထုပ်ပိုးပြီး ကိုယ်တိုင်အဝတ်လျှော် ဝန်ဆောင်မှုလုပ်လို့ရနိုင်သည့် နေရာကို ရှာဖို့ အပြင်ထွက်ခဲ့ရပြန်၏။ သို့ကလို တဆက်တည်း လှုပ်ရှားလိုက်ရခြင်းက ရေကူး၊ စက်ဘီးစီး၊ အပြေးပြိုင်စသည့် သုံးမျိုးစပ်ပြိုင်ပွဲ ဝင်ရောက်ကစားလိုက်ရသကဲ့သို့ပင် ပြင်းထန်သည်။

ဖုရှောင်ယွီသည် အနံ့ခံနေရင်းကချက်ချင်းဆိုသလို အာရုံ ပြန်ကပ်သွားရသည်။ ဤသည်မှာ တရားဝင် အမှတ်အသားပြုပြီးနောက် ဖီရိုမုန်းများ ပေါင်းစပ်သွားရာမှ ထွက်ပေါ်လာသည့် အနံ့ပင်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now