(၁၁၄)

4.1K 589 38
                                        

Unicode





ရွှီကျားလဲ့၏ တကိုယ်လုံး တုန်ခါလာသလိုပင်။

အထူးသဖြင့် သူ့ ညာလက်ဖျံဆီမှ အရေပြား လန်ထွက်သွားမှန်း သိလိုက်ရပြီးသည့်နောက် နာကျင်မှုက လှိုက်တက်၍လာကာ လက်မောင်းတလျှောက်ရှိ အာရုံကြောတွေ တဆတ်ဆတ်တုန်နေသည်ကိုပါ ခံစားနေရသည်။

သို့သော်ငြား သူ တုန်လှုပ်သွားခြင်းမှာ နာကျင်မှုကြောင့် မဟုတ်ရ။

ဖုရှောင်ယွီ ယခုလို သူ့ရင်ခွင်ထဲ တဟုန်ထိုး ​တိုးဝင်ခဲ့သည်မှာ အရမ်းကြာနေပြီဖြစ်၍ နောက်ဆုံးအကြိမ်ကိုတောင် မမှတ်မိချင်တော့။ ဖုရှောင်ယွီက သူ့ကို ဖက်ထားသည့်အခါမျိုးတွင် 'တဟုန်ထိုး' ဟူသည့် စကားလုံးကို သုံးပြီး ဖော်ပြရသည်မျိုးကို သူ ကြိုက်သည်။

အနှီအိုမီဂါသည် အရွယ်အစားကြီးမားသည့် ရှအန်းနှင့် တူ၏။ သူ၏ ပွေ့ဖက်မှုသည် အမြဲတမ်းလိုလို တက်ကြွမာန်ပါနေလေ့ရှိကာ စွမ်းအင်တမျိုး ပါဝင်သည်။ သို့စဥ်လျက် ချစ်ခင်နှစ်လိုမှုကို ပြသသည့်အနေနှင့် သူ့ လည်ပင်းကို သိုင်းဖက်ကာ လက်နှစ်ဖက်ဖြင့် ချိတ်တွယ်ထားတတ်သေးသည်။

ထိုသို့ မခံစားခဲ့ရသည်မှာ ကာလအတော် ကြာခဲ့ပြီ။ ကြာလွန်းလှပြီဖြစ်၍ သူ့ တကိုယ်လုံး ကြည်နူးမှုအဟုန် လွှမ်းခြုံထားသလိုတောင် ထင်မိရသည်။

တခဏမျှတော့ဖြင့် သူ့ကိုယ်သူ ထင်ယောင်ထင်မှား ဖြစ်နေသလားဟုတောင် တွေးလိုက်မိသေးသည်။

ဖုရှောင်ယွီ တကယ်ပဲ သူ့ကို ပွေ့ဖက်ထားသည်တဲ့လား။

ရွှီကျားလဲ့သည် အတည်ပြုဖို့ရန်အတွက် အလိုလိုပင် ဖုရှောင်ယွီကို ပြန်ဖက်ဖို့ ကြိုးစားလိုက်ပါသော်ငြား သူ့ လက်မောင်းဆီမှ ဆစ်ခနဲ နာကျင်မှုကို ခံစားလိုက်ရ၏။

ချီးတဲ့မှ၊ လက်က မှားသွားသေးတယ်။

သူက ချက်ချင်းပင် အကောင်းတိုင်းရှိနေသည့်လက်ဖြင့် ဖုရှောင်ယွီကို ညင်သာစွာ ပြန်လည်ထွေးပွေ့ထားလိုက်၏။

ဗုဒ္ဓေါ။

သူ့ နှလုံးခုန်သံက အရမ်း မြန်ဆန်လာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now