(၂၅)

5.8K 698 51
                                    

Unicode


စားဖို့သောက်ဖို့အတွက် လျင်မြန်စွာပင် ပြင်ဆင်လို့ပြီးသည်။

ရွှီကျားလဲ့က ဖုန်းကြိုဆက်ပြီး စားစရာတွေ မှာယူလိုက်ကာ ရေအမြန် ဝင်ချိုးသည်။ နာရီဝက်အကြာတွင် လူခေါ် ခေါင်းလောင်း မြည်လာ၏။

ရွှီကျားလဲ့သည် တံခါးဝမှနေ၍ အိတ်အကြီးနှစ်လုံးကို သွားယူလာကာ ဘူးတွေကို တခုပြီးတခုဖွင့်ပြီး ဆိုဖာရှေ့ ကော်ဖီစားပွဲပေါ်တွင် တင်လိုက်သည်။ ကဏန်း​ကြီးလက်မချက် တပေါင်၊ ကျောက်ပုစွန် သုံးပေါင်နှင့် လတ်လတ်ဆတ်ဆတ် ဆလတ်ရွက် တဘူးအပြင် ဖုရှောင်ယွီအတွက် အဓိကဟင်းလျာအဖြစ် မှိုပေါင်း ပူပူလေးနှင့် ကြက်သားဆန်ပြုတ်ပါ ပါသေးသည်။

စားပွဲတခုလုံး အရောင်အဆင်း၊ အနံ့အရာသာနှင့် ပြည့်စုံသည့် ပူပူနွေးနွေး စားစရာတွေ ခင်းကျင်းလို့ထားသည်။

သို့သော်လည်း ဖုရှောင်ယွီ Heat ဝင်နေချိန်ဖြစ်၍ ရွှီကျားလဲ့က ကျောက်ပုစွန်ကို အစပ်လျှော့၊ အရမ်းကြီး အဆီမများစေနှင့်ဟူ၍ မှာပေးထားသည်။

ဖုရှောင်ယွီ၏ မျက်လုံးတွေသည် ရွှီကျားလဲ့၏ လက်တွေဆီသာ မလွတ်စတမ်း စိုက်ကြည့်နေသည်။

စားစရာ အကုန်လုံး ဖြည်ထည့်ပြီးသွားသည့်အခါ ရွှီကျားလဲ့က ထမင်းစားခန်ဆီ ထွက်သွားပြီး ဖန်ခွက်နှစ်ခွက်နှင့် ပြန်ဝင်လာသည်။ သို့သော်လည်း သူ ထသွားသည့် ခဏလေးသော အချိန်အတွင်းမှာပင် ကျောက်ပုစွန်သည် ပန်းကန်ထဲမှနေ၍ စားပွဲပေါ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

စားပွဲနားတွင် ရှိနေသည့် ဖုရှောင်ယွီကမူ သူ့ လက်ချောင်းတွေကို တဖူးဖူးမှုတ်လျက်ရှိပြီး ရွှီကျားလဲ့ ပြန်လာသည်ကို တွေ့သည်တွင် သူ ဘာမှ လုပ်မထားသည့်နှယ် ခေါင်းကို ငုံ့ထားပြီး ငြိမ်သက်လို့သွားသည်။

ယခုမှ အိုးထဲက ထုတ်ထားသည့် ကျောက်ပုစွန်ကြောင့် လက်အပူလောင်သွားသည့်တိုင် ဖုရှောင်ယွီ၏ စားချင်စိတ်ကတော့ နည်းနည်းမှ လျော့ပါးမသွားပါချေ။

နှုတ်ခမ်းတွန့်ရုံ ပြုံးမိသည်ကလွဲ၍ ရွှီကျားလဲ့မှာ မြင်လိုက်ရသည့် မြင်ကွင်းအပေါ် တအံ့တသြ မဖြစ်မိ။ သူသည် ဖုရှောင်ယွီ သူ့ပေါင်ပေါ် ဝင်ထိုင်လို့ အဆင်ပြေစေရန် စားပွဲကို ရှေ့သို့ အနည်းငယ် တွန်းထုတ်ပြီး နေရာချဲ့လိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now