(၉၇)

4.5K 645 45
                                    

Unicode





ရွှီကျားလဲ့သည် ဆေးရုံးအခန်းရှိ ခုတင်ပေါ်တွင် ထိုင်နေရင်း သူ့ ဖုန်းစခရင်ကို စိုက်ကြည့်နေမိသည်။ စက္ကန့်အနည်းငယ် ကြာသွားသည်အထိ အရာအားလုံးမှာ လက်တွေ့မဟုတ်သလို ခံစားနေရဆဲ။

နောက်ထပ်တဖန် သေချာအောင် အတည်ပြုပြီးသွားသည့်အခါတွင်ကား သူသည် ထိုင်နေရာမှ ရုတ်ခြည်းပင် ထရပ်လိုက်မိတော့၏။ သူ့မှာ ပျာယာခတ်သွားပြီး လက်ကောက်ဝတ်ရှိ အပ်ကို ဆွဲဖြုတ်မိလုမတတ်ဖြစ်သွားရသေးသည်။

သူသည် ချက်ချင်းပင် သူနာပြုခေါ်ရန်အတွက် အရေးပေါ်ဘဲလ်ကို အမြန်နှိပ်လိုက်ပြီး ရွေ့လျားနိုင်သည့် ဆေးချိတ်တိုင်ကို တောင်းဆိုလိုက်သည်။ ထို့နောက် လက်တဖက်က ဆေးပုလင်း တန်းလန်းနှင့် ဆေးချိတ်တိုင်ကို တွန်းရင်း လျင်မြန်စွာပင် ပြေးထွက်လာလိုက်၏။ သူ့ အရှိန်က မြန်လွန်း၍ သူနာပြုတွေပင် အံ့အားသင့်ပြီး ကျန်ခဲ့ကြသည်။

သွားရသည့် ခရီးမှာ တိုတောင်းလွန်းလှသော်ငြား ရွှီကျားလဲ့အတွက်မှာမူ ခရီးရှည်ကြီး တခုလိုပင် ခံစားရသည်။ ခြေလှမ်းကြီးကြီး လှမ်းမိပြန်လျှင်  ချိတ်ထားသည့် ဆေးပုလင်းက အရမ်းကြီး ရမ်းခါသွားပြန်ကာ နှေးလိုက်ပြန်တော့လည်း နောက်ကျသွားမှာကို စိုးရိမ်စိတ်ပူမိပြန်၏။

နောက်ဆုံး သူ ကားပါကင်သို့ ရောက်သွားချိန်မှာ ဖုရှောင်ယွီဆီမှ ဖုန်းခေါ်အပြီး ရှစ်မိနစ်အကြာတွင် ဖြစ်သည်။

အေးမြမြ ဆောင်းဦးလေပြင်းက သူ့ မျက်နှာဆီ တိုးဝေ့တိုက်ခတ်လာခါကျမှသာ သူ့ကိုယ်ပေါ်တွင် ရှပ်အင်္ကျီတထည်တည်းနှင့် ပြေးထွက်လာခဲ့မိကြောင်းကို သတိထားမိတော့သည်။ အေးစိမ့်နေသည့် လေပြင်းကြောင့် သူ့ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားသည့်တိုင် ယခုအချိန်တွင် သူ ဂရုမစိုက်နိုင်အား။

ကားရပ်နားရာနေရာသည် ညဘက်တွင် မီးမှိန်မှိန်သာ ထွန်းထားသည်ဖြစ်၍ ရွှီကျားလဲ့မှာ သူ့ လည်ပင်းကို ဆန့်နိုင်သမျှ ဆန့်တန်းပြီး ကားပါကင် အဝင်ဝကို စိုက်ကြည့်နေရသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now