(၃၄)

5.2K 685 28
                                    

Unicode




ဆရာဝန် ညွှန်ကြားထားသည့် ထိုးဆေးက အာနိသင် ပြနေပြီဖြစ်သည်။ ပြင်းပြင်းထန်ထန် နာကျင်နေသမျှ ယူပစ်လိုက်သလို ပျောက်သွားပြီဖြစ်သော်လည်း နောက်ဆက်တွဲအနေဖြင့် ဆာလောင်မှုက လှိုက်တက်လာသည်။

ဟန်ကျန်းခေါ့ စိုးရိမ်တကြီး အမူအရာဖြင့် လူနာခန်းထဲ ပြေးဝင်လာချိန်တွင် ဖုရှောင်ယွီသည် ဆေးရုံကုတင်ပေါ် ခွေနေရင်း ဒုတိယလိမ္မော်သီးကို အခွံခွာနေခဲ့တာဖြစ်သည်။ ဆူညံသံကို ကြားလိုက်ရပြီး ဟန်ကျန်းခေါ့ကို တွေ့လိုက်ရသည့်အခါ သူ့မှာ အံ့အားသင့်သွားရကာ

" ဟန်ကျန်းခေါ့၊ မင်းက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ "

အနောက်မှ အပြေး ဝင်လာသူက ဝမ်းခေါ့ပင်။

ဖုရှောင်ယွီသည် မေးလိုက်ပြီးခါမှ ရှည်လျားသည့် အရပ်အမောင်းနှင့် အယ်လ်ဖာ၏ ပုံစံက မသပ်မရပ်ရှိနေပြီး မျက်နှာတခြမ်းနှင့် မျက်လုံးတဖက်သည် လက်သီးဖြင့် အထိုးခံထားရသည့်နှယ် အနည်းငယ် နီရဲနေကြောင်း တွေ့လိုက်ရသည်။

" မင်း ဘာဖြစ်လာတာလဲ "

ဖုရှောင်ယွီမှာ အလန့်တကြားဖြစ်သွားကာ မေးရချေပြီ။

သူ့ သူငယ်ချင်းဖြစ်သူမှာ ခေါင်း သိပ်မသုံးတတ်ပါသည့်တိုင် တိုက်သည့်ခိုက်သည့် နေရာတွင်မူ သူ့ကို ယှဥ်နိုင်သည့်သူ သိပ်မရှိမှန်း ဖုရှောင်ယွီ သိထားသည်။ ခဏတော့ဖြင့် ဝမ်းခေါ့လက်စာ မိသွားသည်လားဟုပင် တွေးလိုက်မိသေး၏။

ဟန်ကျန်းခေါ့မှာ ကုတင်ဘေးနား လာရပ်ပြီး ဖုရှောင်ယွီမျက်နှာနှင့် ထိကပ်လုတော့ မတတ် ကိုယ်ကို ကိုင်းချပြီး ကြည့်လာသည်။ သို့သော်လည်း ပြင်းထန်စူးရှသည့် တတိုင်းမွှေးပန်းရနံ့ကို ရလိုက်ချိန်တွင် အယ်လ်ဖာတယောက်အနေဖြင့် ယခုမှ Estrus ကာလ ပြီးဆုံးကာစ အိုမီဂါအနား အရမ်းကရောကြီး မချဥ်းကပ်သင့်ကြောင်း သတိရလို့သွားသည်။ သူသည် ကိုးရိုးကားယားအမူအရာဖြင့် နောက်ပြန်ဆုတ်လိုက်ပြီး

" ဝမ်းခေါ့ အားဆေးလာသွင်းလို့ လိုက်ပို့တာ၊ ရှောင်ယွီ၊ မင်း အဆင်ပြေရဲ့လား "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now