အချပ်ပို (၁၉)

2.8K 361 7
                                        

Unicode

ကိုယ်ဝန်ဆောင်ခြင်း - ၁၄



ညသန်းခေါင်လောက်အထိ သူတို့တွေ ခြံထဲတွင် ရှိနေသည်။

ဖုရှောင်ယွီမှာ ရေချိုးပြီးလို့ပြီးသွားသည်အထိ စိတ်တွေ လှုပ်ရှားနေသေးသည်။ ထုံးစံအတိုင်း သူ အိပ်မပျော်သေးခင် ရွှီကျားလဲ့က သူ့ကို ပွေ့ချီကာ ဝိတ်ချိန်၏။ သူသည် ပွေ့ချီခံထားလျက်က အယ်လ်ဖာ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းပတ်လိုက်ကာ ခပ်ဆိုင်းဆိုင်းလေး မေးလာသည်။

" ရွှီကျားလဲ့ … "

" အင်း "

ရွှီကျားလဲ့သည် မိသားစုသုံးယောက်ပေါင်း ကိုယ်အလေးချိန်ကို ဘုတ်ပေါ်တွင် ရေးမှတ်နေရင်းက ပြန်ထူးသည်။

" အဲဒီ လူကြီးကတ်ကလေ ... "

ဖုရှောင်ယွီ၏ အသံသည် တဖြည်းဖြည်း တိုဝင်လို့သွားလေပြီး

" တကယ်ပဲ ဖျက်လိုက်ပြီလား "

ရွှီကျားလဲ့၏ မျက်ခုံးတွေ ပင့်သွားကာ ရယ်ချင်နေသည်ကို ထိန်းထားလိုက်ရသည်။ တခါတရံ ဖုရှောင်ယွီ၏ အတွေးတွေက တအားရိုးစင်းလွန်းသည်။ သူသာ လူကြီးကတ်ကို ရွေးလိုက်ပါက အပြင်ဘက်တွင် သူ ပြင်ဆင်ထားခဲ့ရသမျှသည် အချည်းနှီးဖြစ်ကုန်လိမ့်မည်ကိုမူ နည်းနည်းမှ စဉ်းစားမိပုံမပေါ်။

" ရွှီကျားလဲ့၊ အဲ့ကတ်ကို မပယ်တော့နဲ့လေ၊ နော် "

ရယ်ချင်လျက်နှင့် အောင့်ထားရသည့် ရွှီကျားလဲ့၏ အမူအရာကို ဖုရှောင်ယွီ သတိမပြုမိ။ သူ့ကို ချက်ချင်းပြန်မဖြေသည့်အခါ အယ်လ်ဖာ၏ လက်ကောက်ဝတ်ကို လှုပ်ခါပြီး ပူဆာနေ၏။

ယခုအချိန်တွင် သူသည် ဆာလောင်မွတ်သိပ်နေသည့် ရှအန်းကဲ့သို့ ဇွဲနပဲကြီးနေသည်။

Pudgy Cat NO. 818 က အရမ်းကောင်းနေပြီဖြစ်သည့်တိုင် လူကြီးကတ်ကိုလည်း လိုချင်နေသေးသည်။ သူ့စိတ်ထဲဝယ် လိုချင်ရုံသာရှိပြီး ထို့အတွက် ကျိုးကြောင်းသင့် မသင့် စဥ်းစားလိုဟန်မရှိချေ။

" တကယ် မပယ်ချင်ဘူးလား "

အဆုံးတွင် ရွှီကျားလဲ့က ပြန်မေးလိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now