(၁၀၇)

3.3K 518 17
                                    

Unicode

ထိုင်းသို့ ထွက်ခွာမည့် မနက်ခင်းတွင် ရွှီကျားလဲ့သည် သူ့ကိုယ်သူ အိပ်ရာအစောထမိသည်ဟု ထင်နေသော်ငြား လေဆိပ် ရောက်သည့်အခါမှ သူတို့၏ စင်းလုံးငှားလေယာဉ်အတွက် သီးသန့်နားနေခန်းမှာ အတော်လေးကို အသက်ဝင်လှုပ်ရှားနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

" ရွှီကော၊ ဒီမှာ! "

ဟူရှားသည် သူ အနှစ်သက်ဆုံး ကုတ်အင်္ကျီလက်ရှည်ကို ၀တ်ဆင်ထားဖြစ်ပြီး သူ့ ခေါင်းပေါ်တွင်မူ ကုတ်အင်္ကျီနှင့် မလိုက်မဖက် ကောက်ရိုးဦးထုပ်တလုံးကို ဆောင်းထားသည်။ သူသည် ရွှီကျားလဲ့ကို မြင်သည်နှင့် ထိုင်နေရာမှ ခုန်ထလိုက်ပြီး

" ဟေး နောက်ဆုံးတော့ ကောရဲ့ သားကို တွေ့ရပြီ၊ သူလေးက နန်ရီ၊ ဟုတ်တယ်မလား "

ရွှီကျားလဲ့က နန်ရီကို သူ့ရှေ့သို့ ထုတ်လိုက်ပြီး မိတ်ဆက်ပေးသည်။

" ဒါက အန်ကယ်ဟူရှား "

နန်ရီလေးကလည်း သွက်လက်စွာပင် နှုတ်ဆက်စကားဆိုသည်။

" မင်္ဂလာပါ အန်ကယ်ဟူရှား ! "

ထို့နောက် သူ့ လက်ကလေးကို ဆန့်ထုတ်လိုက်ပြီး ဟူရှား၏ လက်ကို ဦးဆုံး ဆုပ်ကိုင်လိုက်သေး၏။

" အိုး ! "

ဟူရှားသည် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာပြီး

" ရွှီကော၊ သူက ကောနဲ့ လုံးဝချွတ်စွပ်တူတယ် "

သူသည် ပြောနေရင်းက အနောက်မှ လျှောက်လာသည့် ကျင်းချူကို ရုတ်တရက် သတိပြုမိသွားသည်။ ဟူရှားမှာ တခဏမျှ မှင်တက်သွားပြီးမှ အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး

" အိုး၊ ဒါက ... ဟဲလို "

ဟူရှား၏ ရှက်ကိုးရှက်ကန်း အမူအရာက ကျင်းချူကိုပါ ကူးစက်သွားဟန်ရှိကာ အိုမီဂါသည် ခပ်အန်းအန်းနှင့်ပင် လက်ဆွဲ နှုတ်ဆက်လိုက်၏။

" ဟဲလို၊ ကျင်းချူပါ "

သူက ကမန်းကတန်း နှုတ်ဆက်ပြီးသည်နှင့် တခုခုကို ရှောင်ရှားချင်သည့် ပုံဖြင့် နောက်သို့ ခြေတလှမ်း ပြန်ဆုတ်လိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now