(၉၅)

5.4K 645 16
                                        

Unicode

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ အရှင်းသက်သာသွားပြီး နောက် နှစ်ရက်အကြာတွင် ဖုရှောင်ယွီ တရုတ်သို့ ပြန်လည်ထွက်ခွာလာသည်။

သူ့ ရုပ်ပိုင်းဆိုင်ရာ အနေအထားမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း စိတ်တွေကမူ အနည်းငယ် နွမ်းလျနေသေးသည်။ တိုတောင်းလှသည့် လေယာဉ်ပျံသန်းချိန်အတွင်း နိုးတဝက် ငိုက်တဝက်နှင့် ဂယောက်ဂယက် အိပ်မက်တွေပါ မက်လိုက်သေး၏။

အိပ်မက်ထဲတွင် သူ ဆယ်ကျော်သက်အရွယ်သို့ ပြန်ရောက်သွားသည်။ ကြည့်ရသည်မှာ သူ စာမေးပွဲဖြေရသည့် နေ့တနေ့လိုပင်။ အများသူငါ ဖြေဆိုလို့ ပြီးသွား၍ အဖြေလွှာ အပ်ပြီး ထွက်သွားကြချိန် သူ တယောက်တည်းသာ ချွေးတဒီးဒီးကျလျက် မေးခွန်းကို အသည်းအသန် ကြိုးစားဖြေနေရင်း အခန်းထဲ ကျန်ရစ်ခဲ့သည်။ ထူးဆန်းသည်။ မေးခွန်းစာရွက်ပေါ်ရှိ မေးခွန်းတွေ၏ အဖြေကို သူ နည်းနည်းမှ သိမနေ။ သူ့မှာ စိတ်​တွေပူ​ပန်လာရပြီး ​ချွေး​စေးတွေကလည်း စိမ့်ထွက်​​လို့နေ​ကာ စာမေးပွဲခန်းထဲမှာပင် အမြဲပိတ်​မိ​နေတော့မလို ခံစားလာရသည်​။ ဤသည်မှာ ငယ်စဥ်ကတည်းက စာမေးပွဲတိုင်း အမြဲတမ်း အမှတ်ပြည့်လိုချင်သည့် သူ့အတွက် ကြောက်စရာအကောင်းဆုံး မြင်ကွင်းတခုဖြစ်ပါ၏။

ဖုရှောင်ယွီသည် အိပ်မက်နေရာမှ လန့်ပြီး နိုးသွားသည်။

" မစ္စတာဖု၊ အဆင်ပြေရဲ့လား "

ဘေးတွင်ရှိနေသည့် ဝမ်ဟွိုင်ရွှမ်းက တိုးတိုးလေး မေးသည်။

" ပြေတယ်၊ ကျွန်တော် အိပ်ပျော်သွားပြီး အိပ်မက်မက်နေတာ "

ဖုရှောင်ယွီ အနည်းငယ် လေးတွဲ့နေသည့် အသံဖြင့် ပြန်ဖြေလိုက်သည်။ ရုတ်တရက်ကြီး နိိုးသွား၍ထင့်၊ သူ့ ပါးစပ်က အနည်းငယ် ခြောက်နေသလိုရှိသည်။

" နို့လက်ဖက်ရည်ပူပူလေးတခွက်လောက် သောက်လိုက်ပါလား၊ ကျွန်တော် တောင်းလိုက်မယ် "

ဝမ်ဟွိုင်ရွှမ်းက သို့နှယ်အကြံပေးလာပြီး နို့လက်ဖက်ရည်တခွက် မှာပေးသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now