Unicode
ရွှီကျားလဲ့ အနေနှင့် ပါတီကို လက်လွှတ်ဖို့ရန် အစီအစဉ်မရှိချေ။
သို့သော်ငြား တနေကုန် ဆော့ကစားနေခဲ့သည့် နန်ရီမှာ ထိုအချိန်တွင် မကြာခဏဆိုသလို တဝါးဝါးနှင့် သန်းနေပြီဖြစ်သည်။ ထို့ကြောင့် ရွှီကျားလဲ့သည် နန်ရီကို ကောက်ချီလိုက်ပြီး တည်းခိုခန်းဆီ ထွက်လာလိုက်ရ၏။
ကောင်ကလေးမှာ ချီခေါ်လာသည့် လမ်းတလျှောက် သူ့ ပခုံးပေါ် ခေါင်းတင်ပြီး လိုက်လာသည်။ တဖြူးဖြူး တိုက်ခတ်နေသည့် ပင်လယ်လေညင်းမှာ နန်ရီအတွက် အလွန်သက်တောင့်သက်သာဖြစ်ဟန်တူကာ အခန်းထဲသို့မရောက်မီမှာပင် အိပ်ပျော်လို့သွားတော့သည်။
ရွှီကျားလဲ့သည် နန်ရီကို ကျင်းချူ၏ ခုတင်ပေါ် ချပေးလိုက်ပြီး စက္ကန့်အနည်းငယ်ကြာ ရပ်နေလိုက်သေး၏။ သားဖြစ်သူ၏ လည်ပင်းပေါ်တွင် ပလတ်စတစ် ချန်ပီယံဆုတံဆိပ်အား ချိတ်ဆွဲထားဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ့မှာ ပြုံးလိုက်မိရပြီး နန်ရီ၏ မျက်နှာနုနုကို လက်ချောင်းများဖြင့် ညင်သာစွာ ထိတွေ့လိုက်ပြီးမှ ပြန်လှည့်ထွက်လာလိုက်သည်။
" ကျားလဲ့ "
ဘေးမှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည့် ကျင်းချူသည် ရုတ်တရက် ထရပ်လိုက်ပြီး အခန်းအပြင်ဘက် စင်္ကြံဆီ လိုက်ထွက်လာသည်။
" ဟမ် "
ရွှီကျားလဲ့က သွားနေရာမှ ရပ်လိုက်ပြီး
" ဘာရှိလို့လဲ "
" ငါ ခုနလေးတွင် တွေးနေတာ ... "
ကျင်းချူသည် ဆက်ပြောဖို့ရန် ချီတုံချတုံဖြစ်နေပုံရ၏။
သို့သော်ငြား ရွှီကျားလဲ့က အလိုလိုသိစိတ်ဖြင့် ဆက်မေးလိုက်သည်။
" မင်းလည်း ပါတီကို သွားချင်လို့လား၊ ဒါဆို တဝက်လောက်ကျ ငါ ပြန်လာပြီး ကလေးကို ကြည့်ပေးမယ်လေ "
ကျင်းချူမှာ တခဏမျှ အံ့အားသင့်သွားပြီး ရုတ်တရက်ဆိုသလို ခပ်ဖျော့ဖျော့ ပြုံးလာသည်။ ထို့နောက် ခေါင်းငုံ့ကာ လေသံ တိုးတိုးဖြင့်

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ