(၁၂၇)

4.6K 497 13
                                        

Unicode





ရွှီကျားလဲ့နှုတ်မှ "ထားလိုက်တော့" ဟူသည့် စကားလုံး ထွက်လာသည်နှင့် တခုခုတော့ လွဲချော်နေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ထို့ကြောင့်ပင် ဖုရှောင်ယွီ၏ ခေါင်းက ဆတ်ခနဲ ထောင်သွားကာ ရွှီကျားလဲ့ကို ပိုမိုလေးနက်သည့် အကြည့်တွေဖြင့် ကြည့်လိုက်ပြီး

" ရွှီကျားလဲ့၊ ​ကျွန်တော့်ကို ပြောပြ "

သိချင်စိတ်ပြင်းပြလာသည့်အခါ အနှီအိုမီဂါ၏ အဘိဓာန်တွင် "ထားလိုက်တော့" ဟူ၍ ပြောလာသည်မျိုးကို လွှတ်ပေးလိုက်ရိုး ထုံးစံမရှိပါချေ။ ရွှီကျားလဲ့ တုံ့ဆိုင်းသွားသည်နှင့် ဖုရှောင်ယွီသည် သူ့ ရင်ဘတ်ပေါ် နောက်ထပ်တဖန် ခုန်အုပ်ပြန်လေရာ အသံပင် အင့်ခနဲ ထွက်လာရသည်။

" … "

ငါ့ကိုသာ သတ်လိုက်ပါတော့။

ကြယ်တွေ လတွေ မြင်လိုက်ရသည့် ရွှီကျားလဲ့မှာ အသက်ဝဝ ပြန်ရှူနိုင်ဖို့ အတော်လေး အချိန်ယူလိုက်ရသည်။

ဖုရှောင်ယွီသည် သူ၏ ကိုယ်လုံးဖြင့် တက်ဖိလိုက်၍ ဖြစ်ပေါ်လာသည့် ဖိအားကို လုံးဝ သတိမထားမိသည့်အလား ကြောင်မျက်လုံး ဝိုင်းဝိုင်းတွေဖြင့် သူ့ကို ကြည့်နေလိုက်သေး၏။

ရိုးရိုးသားသားပြောရမည်ဆိုပါလျှင် ရွှီကျားလဲ့သည် ဖုရှောင်ယွီ၏ ကိုယ်လုံးကို လေးလံသည်ဟူ၍ တခါမှ မခံစားဖူးခဲ့ချေ။ သို့သော်ငြား ယခုတွင် ဖုရှောင်ယွီက သူ့ အနားမှာ တနေကုန် ကပ်နေသည့်အပြင် သူ၏ ကာယကြံ့ခိုင်မှုကလည်း အနှုတ်ပြနေခဲ့သည်။ ညစာပင် မစားရသေးသည့်အတွက် သူ့ ဗိုက်ကလည်း ဟောင်းလောင်းဖြစ်နေ၏။

ရွှီကျားလဲ့သည် တခဏမျှ စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် တက်ဖိထားခံရခြင်းမှ လွတ်မြောက်ဖို့ရန်အတွက် အရှုံးပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

" ကိုယ့်ရဲ့ နို့သီးခေါင်းကို ကိုင်လိုက်ရင် ဝမ်းနည်းတတ်တာ သိတယ်မလား၊ နောက်ပိုင်း ကိုယ် အဲ့နယ်ပယ်က ကျွမ်းကျင်ပညာရှင်တယောက်နဲ့ ဆွေးနွေးတိုင်ပင်မှု ယူခဲ့တယ်၊ သူက တရာ ရာခိုင်နှုန်းတော့ မသေချာပေမဲ့ ... "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now