(၆၄)

2.9K 503 33
                                    

Unicode





ဟိုတယ်သို့ သွားသည့် လမ်းတွင် ဥမင်လိုဏ်ခေါင်းရှည်တခုကို ဖြတ်သန်းသွားရပြီး ကျင်းချူက အနောက်ခုံတွင် ထိုင်နေသည်။ ကားအတွင်းရှိ အလင်းရောင်က တောက်ပလွန်း၍ ကားပြတင်းပေါက်တွင် ထင်ဟပ်နေသည့် သူ့ မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း တွေ့မြင်နေရ၏။

သို့နှင့် သူလည်းပဲ အနှီပုံရိပ်ကို အတော်ကြာကြာ စိုက်ကြည့်နေမိသည်။

ငယ်စဉ်ကတည်းကစ၍ ကျင်းချူသည် သူ၏ လှပမှုအပေါ် အလွန်အမင်း စိတ်ချယုံကြည်မှု ရှိခဲ့သည်။ သို့သော်လည်း နန်ရီကို မွေးဖွားပြီးနောက်တွင်ကား စိတ်ဓာတ်တွေက ချုံးချုံးကျလို့ သွားတော့သည်။

ဘာက ပြောင်းလဲသွားပြီဟူ၍ ပြောဖို့ရာခက်သည့်တိုင် အရာအားလုံးက သေချာပေါက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ကော်လာဂျင် မလုံလောက်တော့၍ သူ့ မျက်လုံးတွေက ညောင်းကိုက်လာကာ အမြင်တွေ မကြည်မလင် ဖြစ်လာသည်။ နန်ရီကို မွေးသည့် အချိန်တွင်လည်း မည်မျှ ကြိုးစားကြိုးစား ပုံမှန်အတိုင်း မမွေးထုတ်နိုင်သည့်အဆုံး ခွဲမွေးခဲ့ရပြန်သည်။

နာကျင်မှုက အဆုံးမရှိတော့သလိုပင်။

ထုံဆေးအရှိန် ပျယ်သွားပြီးနောက်တွင် နာကျင်မှုက ပို၍ ပြင်းထန်လာသည်။ ထို့နောက် အနာအကုန်အစင်ကျက်ပြီး အမာရွတ်ပဲ ကျန်သည့် အချိန် ရောက်ပြန်တော့ ထိုနေရာက တဖန် ယားယံလာကာ တဆစ်ဆစ်နှင့် နာကျင်နေတတ်သည်။ ဤသို့ဖြစ်တိုင်း တညလုံး ကောင်းကောင်း အိပ်လို့မပျော်နိုင်တော့ချေ။

မှတ်မိသလောက် ထိုအတောအတွင်း သူ တချိန်လုံး ငိုနေခဲ့ရသည်။

ညဉ့်နက်သန်းခေါင် အိပ်ရာက တရေးနိုးလာတော့လည်း ငိုသည်။ အနာဟောင်းက နာကျင်လာလျှင်ပဲဖြစ်ဖြစ်၊ နန်းရီက တဂျီဂျီနှင့် ငိုသည့်အခါတွင်ပဲဖြစ်ဖြစ်၊ သူလည်း လိုက်ငိုမိသည်။ တကြိမ်တည်းနှင့် တခါမှ မမျှော်လင့်ခဲ့ဖူးသည့် ဝေဒနာတွေကို အလွန်အမင်း စုပြုံခံစားလိုက်ရပြီး သူ့ဘဝကြီးက မျှော်လင့်ချက် ပျက်သုဥ်းသွားသလို မှတ်ထင်လာမိသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now